Chapter 65

100 18 0
                                    

Chapter 65

သူ့လက်ထဲက မှော်လက်နက်က တုံ့ပြန်မှုမရှိခဲ့ပေ။

"ကောင်းပြီလေ မင်းက ငါပေးတဲ့ နာမည်ကို သဘောမကျတဲ့ပုံပဲ ငါတို့ နောက်ထပ်စဉ်းစားကြည့်ကြတာပေါ့"

ထီးကို သေတ္တာထဲပြန်သိမ်းရင်း သူပြောလိုက်သည်။ ထီးအတွက် နာမည်ပေးရန် ဦးနှောက်ခြောက်အောင် စဉ်းစားပြီး အရင်ကမ္ဘာမှ သူမွေးစားခဲ့သော ကြောင်နာမည်များပင် ခေါ်ကြည့်ခဲ့သည်။ သို့သော် လက်နက်က သူ့အားမျက်နှာသာမပေးခဲ့။

မှော်လက်နက်တွေအားလုံးဟာ အသိစိတ်ရှိကြသည်။

သူ ကျင့်ကြံတဲ့အခါမှာ ထီးနှင့်သူ တဖြည်းဖြည်း အကျွမ်းဝင်သွားလိမ့်မည်ဟုသာ လက်ခံထားလိုက်တော့၏။ ဖန်းချောင်ကျိုးမှာ နေ့စဉ်ကျင့်ကြံခဲ့ကာ ထီးအားသူ့အနားတွင် ဖွင့်ကာ နေရာချထား၍ အပြင်သွားလျှင်လည်း လက်ထဲက ကိုင်ဆောင်သွားခဲ့သည်။ ဒီရက်ပိုင်းတွေမှာ ရွှယ်သန်းရုံကို မတွေ့ခဲ့ရ။ သူ့ဆီသို့ ရွယ်သန်းရုံရောက်မလာခြင်းက ဖန်းချောင်ကျိုးအား စိတ်သက်သာရာ ရစေသည်။

မျက်စိတမှိတ်အတွင်းမှာ အချိန်တစ်လကျော်သွားခဲ့ပြီး မြေအောက်နတ်ဆိုးလောကသို့ သွားရန်မှာ သိပ်မလိုတော့ပေ။ဒီတစ်ကြိမ်မှာ သူတို့နဲ့ အတူတူလိုက်ပါမည့်အ‌ဖော်တွေက ဖန်းယွဲ့ သီလရှင်ဂိုဏ်းကလို့ သိရသည်။

သီလရှင်ဂိုဏ်းခေါင်းဆောင်က မြေအောက်နတ်ဆိုးလောကသို့ သွားမည့်လမ်းခရီးသည် ခက်ခဲကြမ်းတမ်း၍ သူ့တပည့်တွေနှင့်အတူ အဖော်ပြုခရီးသွားရန် ထျန်းရွှေဂိုဏ်းခေါင်းဆောင်အား အကူအညီ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သူ့ဆရာတူအစ်ကိုဆီကကြားခဲ့ရသည်။

အရင်နှစ်တွေက ‌ဂိုဏ်းမှတပည့်များ မြေအောက်နတ်ဆိုးလောကသို့ သွားရာလမ်းတွင် လူအချို့၏ လုယက်တိုက်ခိုက်မှုခံခဲ့ရသည်။ တိုက်ခိုက်သူတွက ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကိုသုံးပြီး လူတွေကိုသတ်ဖြတ်ကာ အဖိုးတန်ပစ္စည်းတွေကို လုယူခဲ့ကြကြောင်းသိရသည်။

အမြဲတမ်း သတင်းတွေဖောက်သည်ချတတ်တဲ့ ဆရာတူညီ‌ငယ်၆က ပြောသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now