Chapter 58

120 19 0
                                    

Chapter-58

ကျုံးလီယွဲ့ရွှေ တံခါးဘေးမှာရပ်နေရင်း အတူလဲကျနေတဲ့နှစ်ယောက်ကို ကြည့်ရင်းကနေ မျက်နှာထားက ပိုပြီးမဲ့လာမိသည်။ သန့်စင်တဲ့အခန်းထဲကိုဖြည်းဖြည်းချင်းလမ်းလျောက်လာပြီး သူတို့နှစ်ယောက်ရဲ့ရှေ့ရောက်မှသာ ရပ်လိုက်သည်။

ချားပိုင်သည် ကျုံးလီယွဲ့ရွှေပေါ်လာပြီးနောက် ကြောင်အသွင်သို့ပြောင်းသွားခဲ့သည်။

ပြုတ်ကျလာတဲ့နှစ်ယောက်ထဲမှ ထိုင်နေသောတစ်ယောက်၏ မျက်လုံးအိမ်သည် သိသာစွာ လှုပ်ရှားနေခဲ့ပြီး မတ်တပ်ရပ်ချင်ပေမယ့် ရပ်မရသယောင်။ ဝတ်ရုံဟာ ခန္ဓာကိုယ်အပေါ်ဖက်ထိကိုတွန့်နေခဲ့ပြီး ခြေသလုံးကိုတောင် မဖုံးပေးထားနိုင်ခဲ့ပေ။ ဆံပင်ရှည်တွေဟာလည်း ဝတ်ရုံနဲ့ဖုံးမိပြီး လည်ပင်းနဲ့ကျောကြားမှာ ညပ်နေခဲ့သည်။

လဲကျနေတဲ့တစ်ယောက်ရဲ့ ဝတ်ရုံက သပ်သပ်ရပ်ရပ်ရှိနေသေးလို့ ပိုကောင်းတယ်ဆိုသော်ငြား တစ်ကိုယ်လုံးဟာစိုရွှဲနေခဲ့သည်။ အနီရောင်တိမ်တိုက်တွေက ပဟေဠိဆန်စွာ ဖြူဖျော့နေတဲ့မျက်နှာပေါ်တည်ရှိနေပြီး အနီရောင်သန်းတဲ့နှုတ်ခမ်းတွေဟာလည်း တင်းတင်းစေ့နေသည်။

ဖန်းချောင်ကျိုးက အရိပ်တစ်ခုဖြတ်ပြေးသွားတာကိုဖမ်းမိပြီး ဒီတစ်ခေါက်မှာတော့ ကပ်ဘေးတွေက ပိုပြီးတော့ အန္တရာယ်များကြောင်းသိလိုက်ရသည်။ အတိတ်မှာတုန်းက ပျင်းရိစွာ အိပ်နေသောကြောင့်အပြစ်ပေးခံခဲ့ရသည်။ ဒီတစ်ခေါက်မှာတော့သူဟာ ရွှယ်သန်းရုံပေါ်ထားတဲ့ ကျုံးလီယွဲ့ ရွှေ၏ချစ်ခြင်းတရားတွေနဲ့ ဒီတစ်ခေါက်သာသူမသေခဲ့လျှင် ထွက်သွားတော့မည်။

ကျုံးလိယွဲ့ရွှေကိုမြင်လိုက်တဲ့အခါမှာ တုန်ရီစွာဖြင့်ကြည့်လိုက်ပြီး ကြောက်ရွံ့စွာပုန်းကာ ပြတင်းပေါက်အကာကိုပါ ပိတ်လိုက်သည်။

"ဆရာ....ကျူ....ငါမဟုတ်...."

သူ ဒီလိုအငယ်ဆုံးညီအစ်ကိုကနေ စတင်ဖို့ မရည်ရွယ်ခဲ့ပေ။

သို့သော် သူ့စကားမဆုံးခင်မှာပင် အပြင်ဝတ်ရုံဟာ သူ့အပေါ်ကိုကျရောက်လာခဲ့ပြီး စကားစပြတ်စေခဲ့သည်။
ကျုံးလီယွဲ့ရွှေက ဘာမှမပြောပေ။ သူက ခါးကိုကုန်းညွှတ်လိုက်ပြီး ဖန်းချောင်ကျိုးရဲ့ခါးအပေါ်ကို လက်တစ်ဖက်တင်ကာ နောက်လက်တစ်ဖက်ကိုတော့ ဒူးကောက်ကွေးနားမှာထားပြီး ပင့်ချီလိုက်သည်။
ဖန်းချောင်ကျိုးက အလွန်အမင်းအံ့ဩသွားပြီး အတွေးတွေချက်ချင်း ပေါ်ပေါက်လာတော့သည်။ သို့ပေမယ့် သူလှုပ်ရှားလိုက်တိုင်း ကျုံးလီယွဲ့ရွှေရဲ့မျက်လုံးတွေဟာ ကျရောက်လာတာမလို့ ဘာကိုမှမလုပ်ရဲပဲ ချီပိုးမှုကိုသာ ခံယူနေရသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now