Chapter 121

960 101 1
                                    

Heartthrob - 121

(T/N : Recommended song for this chapter - 【说不清】by 王子健。ဒီသီချင်းက ဒီဝတ္ထုလေးရဲ့ Audio drama မှာလည်း ending song အနေနဲ့ ထည့်ထားတာမို့ လုံးဝဖန်းချောင်ကျိုး POV ပါပဲ)

လရောင်က ရေစင်အလား နှစ်ယောက်သားကို ဖြန်းပက်လွှမ်းခြုံလို့ထားသည်။ ညနက်အလယ်တွင် လမ်းများက တိတ်‌ဆိတ်နေ၏။ ခုနက ကြားလိုက်ရသည့်စကားမှာ အလွန်ရှင်းလင်းနေပြီး မကြားချင်ယောင်ဆောင်လို့ မရပါချေ။

ဖန်းချောင်ကျိုး သူ့ရှေ့ရှိ လူငယ်လေးကို မော့ကြည့်လိုက်သည်။ တစ်ခုခု ပြောလိုက်ချင်သည့်အလား သူ့နှုတ်ခမ်းများ လှုပ်ခတ်သွား၏။ သို့သော် သူ ဘာမှမပြောခဲ့ပေ။ ၎င်းကိုမြင်သောအခါ ရွှယ်သန်းရုံ မျက်လုံးအစုံ မှိတ်ချလိုက်မိသည်။ မျက်လုံးများ ပြန်ဖွင့်‌လာသောအခါတွင်မူ ထိုမျက်ဝန်းများထဲ ဘာခံစားချက်မှ မရှိပါတော့ချေ။

"ကျွန်တော် လီကျူးကို မသတ်တာက အစ်ကိုပြောတာကို ယုံလို့မဟုတ်ဘူး၊ အစ်ကို့စိတ်ထဲမှာ ကျွန်တော့်ကို လီကျူးကိုမသတ်စေချင်မှန်း ကျွန်တော်သိနေလို့။ ကျွန်တော် လီကျူးကို မသတ်ခဲ့တာက အစ်ကို ကျွန်တော့်ကို မုန်းပြီး ကြောက်ပြီး စွန့်ပစ်သွားမှာစိုးလို့။ ဒါပေမယ့် တကယ်တော့လေ ကျွန်တော်က တ‌စ်လောကလုံးကလူတွေကို သတ်ပစ်ချင်နေတာ၊ အစ်ကိုကျွန်တော်တစ်ယောက်တည်းကိုပဲ ကြည့်နေစေချင်တာ"

နောက်ဆုံးတစ်ခွန်း ပြောပြီးနောက် ရွှယ်သန်းရုံ၏အသံက ညင်သာဖျော့တော့လို့သွားသည်။

"ဒါပေမယ့် ကျွန်တော် တစ်လောကလုံးကလူတွေကို သတ်ပစ်လိုက်ရင်၊ အစ်ကိုက ကျွန်တော့်ကို ချစ်မှာလား"
ရွှယ်သန်းရုံ ထိုစကားကိုပြောလိုက်ပြီးနောက် ဖန်းချောင်ကျိုး၏အဖြေကို စောင့်နေဆဲ။ သို့သော် ဖန်းချောင်ကျိုးက ယခင်အတိုင်း တိတ်ဆိတ်မြဲတိတ်ဆိတ်နေဆဲဖြစ်ကြောင်းကို သူ မျှော်လင့်ချက်ပျက်သုဉ်းစွာ တွေ့လိုက်ရလေသည်။ ရွှယ်သန်းရုံ ကိုယ်ကိုလှည့်ကာ အရှေ့သို့လျှောက်သွားလိုက်တော့၏။ သို့သော် ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးခိုက်တွင် သူ့နောက်မှအသံကို ကြားလိုက်ရသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီحيث تعيش القصص. اكتشف الآن