chapter 93

71 10 0
                                    

Chapter-93

ဖန်ချောင်ကျိုး သူပြောသလိုလုပ်နိုင်ခဲ့သည်။ သူ စာမူအား စာအုပ်ဆိုင်ပိုင်ရှင်အားပေးပြီးသောအခါ သူကိုယ်တိုင်လဲ ရေဓာတ်အခြေပြု လက်နက်တစ်ခုအားဝယ်လိုက်သည်။

ဝယ်ယူပြီးနောက် သူကိုယ်တိုင်လည်း ငါးဆားနူလေးကဲ့သို့ လျှောက်ပတ်သွားနေပြီး လုံးဝကို ဖြုန်းတီးပစ်ခဲ့သည်ပင်။

စာမူက ဖတ်လို့ကောင်းပါတယ်။ ခံစားရင်း ခံစားရင်းနှင့် ငါးဆားနူလေးကတော့ အညိုရောင်ကြက်နှင့် အချိန်ဖြုန်းနေပေသည်။

တစ်လလုံးလုံးအချိန်ဖြုန်းခဲ့ပြီး သူ့ဘေးရှိကြက်ကတော့ သူ့အားဖျောင်းဖျလေသည်။ နောက်ပိုင်းတွင်တော့ ဘာမှမပြောပဲ နေ့ရွေ့ညရွေ့နှင့် အချိန်ကား ထပ်မံကုန်ဆုံးနေသည်ပင်။

ဖန်ချောင်ကျိုး ထပ်မံအချိန်ဖြုန်းရန်ပြင်ဆင်နေ‌တုန်း ရှန်ယွမ်ထံမှ သတင်းဆိုးတစ်ခု သူရရှိခဲ့သည်။

ရှန်ယွမ် ဂိုဏ်းသားအားလုံးကိုဆင့်ခေါ်ကာ ၃ရက်အတွင်း အပြင်စည်းတပည့်များအတွက် ကျောင်းဖွင့်ပေးရန် ပြင်ဆင်ရမည်ဖြစ်ကြောင်း သူတို့ကို လူသိထင်ရှား မန္တာန်များ သင်ယူခိုင်းရမည်ဖြစ်ကြောင်းပြောလာသည်။
"မင်းတို့ ဒီကာလအတွင်း ဇွဲလုံ့လထားကြပါ ငါကြည့်နေတယ် မင်းတို့အခုအချိန် မသေမျိုးကျင့်စဉ်ကျင့်မယ်ဆိုလဲ အရမ်းတော်တဲ့ စီနီယာတွေ အမတွေက ငါတို့ကို နောက်၃ရက်ကြာပြီး မနက်ပိုင်းအချိန်မှာ သင်ပြလိမ့်မယ်”
ထိုစကားကြားပြီးနောက် ဂိုဏ်းသားများမှာ စိတ်လှုပ်ရှားသွားကြသည်။
ဤ‌‌နေရာရှိ လူအများစုမှာ သာမာန်အရည်အချင်းရှိသူများနှင့် ကျင့်ကြံဆင့်လုံးဝမရှိသူများဖြစ်ပြီး ယောင်ချန်းယွီ ကဲ့သို့သော ဂိုဏ်းထဲဝင်ပြီး၂ရက်အကြာ အတွင်းစည်းတပည့်အဖြစ် ခန့်အပ်ခံရသောသူလဲရှိလေသည်။
ထိုကဲ့သို့မသေမျိူးကျင့်စဉ်ကျင့်ရန် လာရောက်ကြသည့်လူများမှာ ဤနေရာ၌ လအနည်းငယ်ပင်ရှိပြီဖြစ်သည်။ သူတို့မှာ ပျင်းရိဖွယ်အလုပ်များကို ထပ်ခါထပ်ခါ လုပ်ခဲ့ကြရသည်။ ဘယ်သူမှ သူတို့အား မသင်ပြကြပေ။ ကျောက်စိမ်းပြားမပေးကြပေ။ ထိုအချိန်အတွင်း အချို့လူတွေက ဤနေရာတွင် အချိန်ဖြုန်းနေသည်ဟုတွေးကာ ထျန်းရွှေဂိုဏ်းမှ ထွက်ခွာကြသည်။
စိတ်မလှုပ်ရှားသည့် တစ်ဦးတည်းသော သူကတော့ ဖန်ချောင်ကျိုးပင်ဖြစ်သည်။ အညိုရောင်ကြက်ကတော့ ဖန်ချောင်ကျိုးထံမှ အကျင့်ဖျက်ခံထားရသည်။ ထိုသတင်းအားကြားပြီး စိတ်ဓာတ်ကျနေသည်။
"ဒါဆို နောက်နေ့တွေမှာ မင်းငါနဲ့မအိပ်နိုင်တော့ဘူးပေါ့"
ထိုအကောင်က မျက်ရည်များကြားမှ ပြောလာသည်။
ဘယ်လောက်ပဲ ထိုအကောင်အားချော့ပြော၍ အယုံသွင်းသော်လည်း ထိုကြက်ကား ခေါင်းမာလေပြီး ၊ ခုတော့ ချွေယင်းအကယ်ဒမီ၌ ပညာရှာဖွေသော အပျင်းကြီးသည့် ကြက်တစ်ကောင် ဖြစ်လာတော့မည်ပင်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီHikayelerin yaşadığı yer. Şimdi keşfedin