Chapter 51
အသံကိုကြားလိုက်ရပြီးနောက် ဖန်းချောင်ကျိုးသည် တခဏမျှထိတ်လန့်သွားပြီး သူ့အသက်ကိုကယ်တင်ခဲ့သည့် ကယ်တင်ရှင်ကိုကြည့်ရန်အလို့ငှာ ခေါင်းလှည့်ကြည့်လိုက်သည်။
လူငယ်လေးက ထျန်းရွှေဂိုဏ်းမှတပည့်ဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်နှာကာဦးထုပ်ကိုဆောင်းထားသောကြောင့် ထိုသူ၏မျက်မှာကိုမမြင်နိုင်သော်လည်း ရွှယ်သန်းရုံမှန်း သူသိနေသည်။
"ရှစ်စွင်းက လမ်းဆုံးက သစ်သီးသကြားလုံးဆိုင်မှာ ရှိနေတာမလား"
"ငါ့ကို အဲ့နေရာပို့ပေးနိုင်မလား"
ဖန်းချောင်ကျိုးကတခြားတဖက်ကိုလက်ညိုးထိုးရင်း တွန့်ဆုတ်စွာမေးလိုက်သည်။ သူ့ပုံစံက လူစုလူဝေးထဲသို့ သူ့ဘာသာဖြတ်သန်းမသွားနိုင်ပုံထင်ရသည်။
ရွှယ်သန်းရုံက ၎င်းကိုကြားသော်လည်းဘာမှပြန်မဖြေခဲ့ပါ။ သူ့အကြည့်များကတော့ သူ့မျက်နှာပေါ်ကျရောက်နေသည်ဟု ဖန်းချောင်ကျိုးခံစားနေရသည်မို့ အကူညီမဲ့စွာမေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ"
ရွှယ်သန်းရုံကခေါင်းကိုလှည့်ကာအကြည့်လွှဲသွားရင်း "ဘာမှမဟုတ်ဘူး ကျွန်တော် အဲ့ကိုလိုက်ပို့မယ်" ဟု အေးစက်စွာပြောလိုက်သည်။
ရွှယ်သန်းရုံတွင် သူနှင့်ပတ်သတ်တဲ့မှတ်ဉာဏ်များရှိမနေဘဲ သူစကားပြောပုံကပြောင်းလဲသွားခဲ့သည်။
ရွှယ်သန်းရုံက လမ်းလျှောက်မသွားဘဲ ခေါင်မိုးပေါ်မှတိုက်ရိုက်ပျံသန်းသွားခဲ့သည်။ လမ်းဆုံးကိုရောက်သည့်အခါ ဖန်းချောင်ကျိုးကိုကိုင်ရင်း ခုန်ချလိုက်သည်။
ခုန်ချပြီးနောက် သူ့လက်မောင်းများအောက်လူကိုထည့်ထားရင်း သူ့မနီးမဝေးကလူကိုခေါ်လိုက်သည်။ခေါ်သံကြားပြီးနောက် ဖန်းချောင်ကျိုးက အကူညီမဲ့စွာကြည့်လိုက်သည့်အခါ ကျုံးလီယွဲ့ချွေကို တွေ့လိုက်ရသည်။
ထိုအချိန်တွင်ကျုံးလီယွဲ့ချွေက သစ်သီးယိုဆိုင်ရှေ့တွင် ရပ်နေခဲ့သည်။ ဖန်းချောင်ကျိုးနှင့်ရွှယ်သန်းရုံ အတူရှိနေသည်ကိုမြင်လိုက်ရသည့်အခါ သူ့မျက်လုံးများက လှုပ်ခတ်သွားခဲ့သည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy