Chapter17
ရွယ်သန်းရုံသည် ဖန်ချောင်ကျိုးကိုအောက်ချပေးမလို့လုပ်ရင်းမှရပ်တန့်သွားကာ သန့်စင်ခြင်းမန္တန်ထုတ်သုံးကာ နူးညံ့သည့်ထိုင်ခင်းတစ်ခုကိုသိုလှောင်လက်စွပ်ထဲမှထုတ်လိုက်ပြီး မြေကြီးပေါ်ဖြန့်ခင်းလိုက်သည်။ ထို့နောက် သူ့လက်များထဲမှ ဖန်ချောင်ကျိုးကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဖန်ချောင်ကျိုးသည် နူးညံ့သောထိုင်ခင်းပေါ်တွင် သူ့ကိုယ်သူတင်းတင်းကျပ်ကျပ်ဖက်ကာထိုင်နေသည်။
ဖန်ချောင်ကျိုး၏ပုံစံမှာ ညှိးငယ်နေကာ သနားစရာကောင်းနေသည်။ သူ၏ဆံနွယ်ရှည်များမှာ လီယီးကြောင့်ပြေကျနေခဲ့ပြီး သူ့အဝတ်အစားများမှာလည်း ရှုပ်ပွနေကာ သွေးများစွန်းထင်းနေသည်။အမြဲပြုံးနေတတ်သောမျက်နှာမှာလည်း ယခုအချိန်တွင်မှုန်ကုတ်နေသည်။
ရွယ်သန်းရုံသည် ဖန်ချောင်ကျိုးရှေ့တွင်ထိုင်ချကာ ကြည့်လိုက်ပြီး ဖန်ချောင်ကျိုးကိုသန့်စင်ခြင်းမန္တန်ရွတ်ကာစွန်းနေသည့်သွေးများကိုဖယ်ရှားပေးလိုက်သည်။ သ်ို့သော်ဖန်ချောင်ကျိုးကတော့မှုန်ကုတ်နေတုန်းပင်။
"ဒုတိယအကို"ရွယ်သန်းရုံသည် ဖန်ချောင်ကျိုးကို ညင်သာစွာခေါ်လိုက်၏။
အသံကြောင့် ဖန်ချောင်ကျိုး၏မျက်လုံးများက ရုတ်တရက်မော့ကြည့်လာသည်။
ဖန်ချောင်ကျိုးသည် သူ့ရှေ့တွင်ရွယ်သန်းရုံကိုထင်ထင်ရှားရှားတွေ့လိုက်ရသဖြင့် မထင်မှတ်ထားစွာမှားယွင်းနေသလိုခံစားလိုက်ရ၏။ မှားနေသည်ဟုဘာကြောင့်ခံစားရမှန်းမသိသော်လည်း မှားနေမှန်းသိ၍ သူစိတ်ထဲရှိရာမေးလိုက်မိသည်။
"ဆရာတူညီလေး.... ငါမင်းကိုဖက်ထားလို့ရမလား"
သူအရင်က ငြိမ်းငြိမ်းချမ်းချမ်းနေလိုသဖြင့် ရွယ်သန်းရုံနှင့်ဝေးနိုင်သမျှဝေးအောင်နေခဲ့သော်လည်း ယခုသူ့ရှေ့တွင်ရွယ်သန်းရုံသာရှိသည်။သူလူသတ်ဇာတ်လမ်းများစွာကြည့်ဖူးပါသော်လည်း ထိုအရာများသည်ဇာတ်လမ်းထဲတွင်သာရှိသည်။ သူသည်တစ်ခါမှသူတစ်ပါးအားနာကျင်အောင်လုပ်ဖို့မကြိုးစားခဲ့ဖူးသလို သွေးထွက်သံယိုဖြစ်သည်မှာဝေးစွ။
ESTÁS LEYENDO
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasíaဘာသာပြန် by Legacy