Chapter 129

898 85 1
                                    

Heartthrob - 129

ဖန်းချောင်ကျိုး ခက်ခက်ခဲခဲဖြင့် လူအုပ်ထဲ တိုးဝင်လိုက်ရသည်။ လူတောထဲရှိ အပြင်တပည့်အများအပြားက သူ့ကို မှတ်မိပြီး လမ်း‌ဖယ်ပေးကြသဖြင့် သူ တိုးဝင်သွားလိုက်သည်နှင့် စားပွဲနောက်တွင် ထိုင်နေသည့် ရွှယ်သန်းရုံကို တွေ့လိုက်ရသည်။

ရွှယ်သန်းရုံသည် ထျန်းရွှေဂိုဏ်းတပည့်ဝတ်စုံကို ဝတ်ဆင်လို့ထားပြီး ကြည့်ရသည်မှာ တိမ်ကင်းစင်သော လလို၊ လေပြေညှင်းလေးလို၊ ကျောက်စိမ်းပင်ပေါ်က သစ်ခွပန်းလေးလို မျက်စိပသာဒရှိလှ၏။ သူက လူအုပ်ကြီးဖြင့် ဝိုင်းရံခံထားရသော်လည်း အားလုံးက သူနှင့် အကွာအဝေးတစ်ခု ခြားနေကြကာ ဘယ်သူကမှ သူနှင့်အရမ်းနီးအောင် မနေရဲကြချေ။ သူ ဖန်းချောင်ကျိုး ရုတ်တရက် ရောက်လာသည်ကို မြင်သောအခါ ခုနလေးကတင် အေးစက်နေသော မျက်ဝန်းများက ချက်ချင်းလင်းလက်လာပြီး ရုတ်ချည်းထရပ်၍ ဖန်းချောင်ကျိုးဆီသို့ လျှောက်သွားလေသည်။

"အစ်ကို"
ဖန်းချောင်ကျိုးက ရွှယ်သန်းရုံလှမ်းလာသောလက်ကို မကိုင်လိုက်ပေ။ မည်သို့ဆိုစေ ဤနေရာတွင် လူအများကြီးရှိသည်လေ။ သူ ဦးဆောင်ပြီး စားပွဲနောက်သို့ လျှောက်သွားလိုက်သည်။

"မင်း တကယ်ကြီး ငါ့အစား တပည့်လာကူရွေးပေးတာပဲ၊ ငါ မနေ့က မင်းကို စနေတာပါ၊ ဒီအလုပ်က နဂိုတည်းက ပင်ပန်းတဲ့ဟာ၊ မင်းလာတော့ သည်‌ဆရာတူညီလေးညီမလေးတွေက အကုန် မင်းအကြံပေးတာ လိုချင်ကြရောလေ၊ မင်း နောက်တစ်နေ့ နေထွက်ချိန်တောင် မပြီးမှာ စိုးရတယ်"
ရွှယ်သန်းရုံက ပြောသည်။
"ဒါပေမယ့် အစ်ကို မနေ့က သိပ်ပင်ပန်းနေတာကို"
"ကိစ္စမရှိဘူး၊ ငါ အိပ်ရေးဝသွားပြီ၊ မင်းပြန်တော့လေ၊ ဒီနေရာက ငါလုပ်လိုက်လို့ရတယ်"

ဖန်းချောင်ကျိုး ထိုင်ခုံ၌ထိုင်ကာ သူ့ရှေ့ရှိ ကျိတ်ကျိတ်တိုးနေသော လူအုပ်ကြီးကို ကြည့်လိုက်ပြီး စာရင်းကို ပြန်ကြည့်လိုက်ကာ‌ နောက်တစ်ယောက်ဟု ပြောပြီးနောက် စာရင်းပေါ်ကအတိုင်း နာမည်တစ်ခုခေါ်လိုက်သည်။
သူ ဆရာတူညီမလေးတစ်ယောက်၏ အရည်အချင်းများကို စစ်ဆေးပြီးနောက်တွင် သူ့နံဘေး၌ ရွှယ်သန်းရုံရပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ စဉ်းစားလိုက်ပြီးနောက် တစ်ဖက်လူဆီ တိတ်တဆိတ် အသံပို့လိုက်၏။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now