Chapter 143
ဖန်းချောင်ကျိုးပြောတာ မမှားလောက်ပေ။ သူ့ကိုယ်ထဲရှိ မြွေဆိပ်က အပြီးမပျောက်လောက်သေး။ သို့သော် ဖန်းချောင်ကျိုးမျက်လုံးထဲရှိ ငြင်းဆန်မှုများကို မြင်ရသောအခါ သူ ဒေါသထွက်မိပါသေး၏။
ထို့ကြောင့် သူ အပြန်လမ်းတွင် လုံးဝ ဖန်းချောင်ကျိုးနှင့် အဆက်အဆံ မလုပ်ချင်ခဲ့ဘဲ တောက်လျှောက် ဂိုဏ်းသို့သာပြန်လာခဲ့သည်။ရှစ်ဖူက သူ့အား ဖန်းချောင်ကျိုးကို တွဲခေါ်၍ ကျင့်ကြံခိုင်းခဲ့သည်။
သူ ဖန်းချောင်ကျိုးကို ဝီရိယရှိရှိ ကျင့်ကြံအောင် ဦးဆောင်ပေးနိုင်လျှင် သူ ဖန်းချောင်ကျိုးအပေါ် အကြွေးတင်နေသည်ကို ချေဖျက်နိုင်မည်ဟု သူတွေးထင်ထားခဲ့၏။ သို့သော် ဖန်းချောင်ကျိုးက တကယ်ကိုစကားနားမထောင်ပေ။ သူ ဒီလောက်ပျင်းသောလူကို တစ်ခါမှမမြင်ဖူးခဲ့။ ပျင်းလွန်းသဖြင့် ရွှယ်သန်းရုံ သူ့ကို မိသွားသည်တောင်မှ သူက ပြုံးကာ ရွှယ်သန်းရုံအား စားစရာပင် ပေးခဲ့သေးသည်။
ရွှယ်သန်းရုံသည် ငယ်စဉ်တည်းက အာဟာရသိဒ္ဓိပြီးခဲ့ခြင်းဖြစ်ပြီး သူ့မှတ်ဉာဏ်ထဲရှိ နောက်ဆုံးတစ်ခေါက် အစားအစာ ခွံ့ကျွေးခံရစဉ်မှာ သူ့အမေအသက်ရှိတုန်းက ဖြစ်သည်။နောက်ပိုင်းတွင် ဖန်းချောင်ကျိုးသည် အစားမက်ပြီး အားတိုးဆေးများကို အရသာရှိသော သကြားခဲများလို စားခဲ့၏။ ရွှယ်သန်းရုံသည် ဖန်းချောင်ကျိုးက တမင်လုပ်ခြင်းဟုတ်မဟုတ် သံသယဝင်ခဲ့သည်။ သို့သော် နောက်တော့ မဖြစ်နိုင်ဟု ထင်မိပြန်သည်။ သူ တစ်ဖက်လူနှင့် အတူနေ အတူကျင့်ကြံရသော ဤရက်များအတွင်း ဖန်းချောင်ကျိုးသည် သူ့ကိုရှောင်နေဖို့အချိန်မရှိ၊ ဘယ်လိုလုပ်ပြီး အားတိုးဆေးများစားကာ သူ့ကို လာမြှူဆွယ်မည်လဲ။
ထိုအချိန်က ဖန်းချောင်ကျိုးသည် သူ့ရင်ခွင်ထဲခွေနေရင်း ဖန်းချောင်ကျိုး၏ နားရွက်များနှင့်ဆံစများမှာ ချွေးပါးပါး စိုနေသည်။ သူ့မျက်လုံးအကြည့်များတွင် နေရခက်မှုများ၊ မျှော်လင့်ချက်များနှင့် လိုအင်ဆန္ဒက ထိန်းချုပ်ထားသော ကူကယ်ရာမဲ့မှုများ ပါဝင်နေလေသည်။
ŞİMDİ OKUDUĞUN
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantastikဘာသာပြန် by Legacy