Chapter -106
ထိုအချိန် ဟွားလီတောင်ပေါ်တွင်
ဖန်းချောင်ကျိုးက သူ့ကိုခေါ်လာတဲ့သူကမည်သူဖြစ်သည်ကို အမှန်တကယ်မေးချင်ခဲ့သော်လည်း သူကအဲ့ဒီသူ၏ မျက်နှာကိုကြည့်ရင်း မူးဝေလာခဲ့ပြီး စကားမဆိုနိုင်ခင်မှာပင် သတိပေးချက်မရှိ ဆွဲခေါ်ခံလိုက်ရသည်။ ကျဆင်းလာသည့် မိုးကြိုးသွားကသိပ်မနာကျင်သော်လည်း စိတိမသက်မသာဖြစ်ရဆဲပင်။ တစ်ချိန်တည်းမှာပင် ရွှယ်သမ်းရုန်နှင့် နှစ်ကိုယ်တူကျင့်ကြံပြီးနောက် လူစိမ်းတစ်ဦး၏ လက်မောင်းအောက်မှာ လဲလျောင်းနေရခြင်းက သူ့ကိုရှက်ရွှံ့စေသည်။
ရွှယ်သန်းရုံ ဘယ်လိုလုပ်ကျန်နေခဲ့လဲဆိုတာကို သူလည်းသိချင်နေခဲ့သည်။
တခဏကြာစဉ်းစားပြီးနောက် ဖန်းချောင်ကျိုးသည် ကိုယ့်လျှာကိုနာနာလေး ကိုက်လိုက်သည်။ နာကျင်မှုက သူ့စိတ်ကို တခဏမျှကြည်လင်စေခဲ့သည်။ ထိုအချိန်တွင် သူသည်တခြားသူကို တွန်းအားပေးရန် ကြိုးပမ်းခဲ့သော်လည်း မရပ်တန့်နိုင်ခဲ့ပေ ။ ထို့နောက် တခြားသူ၏ ဖက်ထားခံရမှုကိုတွေးတောမိသွားသည်။
သို့သော် သူလှုပ်လိုက်သည်နှင့် သူ့ခါးပေါ်ရှိလက်ကတင်းကြပ်လာခဲ့သည်။
ထိုလူ၏ အသံသည်နက်ရှိုင်းပြီး သတိပေးနေသံကဲ့သို့ပင်။
ကျုံးလီယွဲ့ရွှေသည် သူ့လက်များထဲလှုပ်ယွနေသည့်သူကို ဟန့်တားပြီးနောက် သူ၏အညိုဖျော့ဖျော့မျက်ဝန်းများကို ဖြည်းငြင်းစွာပင့်ကြည့်လိုက်သည်။ သူ၏ကျင့်ကြံဆင့်အရ ကောင်းကင်ဘုံ၏အတိဒုက္ခကိုပင် ဖြတ်ကျော်မြင်နိုင်သည်။ ဆယ်ချက်ကျော်ပစ်ချပြီးနောက် ကျင့်ကြံသူကိုအသက်ရှုခွင့်ပေးရန် မိုးကြိုးတိမ်တိုက်များ ခေတ္တရပ်တန့်သွားခဲ့သည်။
ကျုံးလီယွဲ့ရွှေ၏လက်ချောင်းထိပ်က ဖြည်းညင်းစွာလှုပ်ခတ်သွားပြီး မိုးကြိုးသွား၏ခုနှစ်ဆယ်ရာခိုင်နှုန်းကို သူ့ထံသို့လွှဲပြောင်းယူလိုက်သည်။ ကျန်ရှိနေသောသုံးဆယ်ရာခိုင်နှုန်းကို ဖန်းချောင်ကျိုးရင်ဆိုင်ရန် ထားလိုက်သည်။ အကာကွယ်ဝတ်ရုံနှင့်ဆို ထပ်မံကျဆင်းလာမည့် အတိဒုက္ခမိုးကြိုးသွားသည် ခန္ဓာကိုယ်ပြင်ပကိုသာသက်ရောက်ပြီး ရင်ဆိုင်နိုင်လောက်ပေသည်။
ESTÁS LEYENDO
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasíaဘာသာပြန် by Legacy