Chapter 92
အညိုရောင်ကြက်ပြောဖူးသလို ဒီနေရာက ကျစ်ချွင်းကျိုးနှင့်နီးပြီး နှစ်ကိုယ်တူကျင့်ကြံရန် ပိုပြီးအဆင်ပြေလေသည်။ ပြီးတော့လည်း လမ်းတစ်လျှောက်လုံး အသွားရောအပြန်ရောတွင် လူတွေနှင့်တွေ့လို့မဖြစ်ပေ။
နှစ်ကိုယ်တူကျင့်ကြံပြီးလျှင် သူကြိုက်သလောက် အိပ်စက်လို့ရပြီဖြစ်သည်။ သူက ဤနေရာတွင် ငါးတွေကို အစာကျွေးနေခြင်းဖြစ်ပြီး ဘယ်သူမှ လာရောက်ကြီးကြပ်ခြင်းမရှိပေ။ သို့သော်လည်း ငါးစာတွေကို တစ်ယောက်ယောက်က လဝက်ရောက်တိုင်း လာလာပို့လေသည်။
ဖန်ချောင်ကျိုး အချိန်တွေကိုတွက်ကြည့်လိုက်တာ အခုဆိုနေရာမှထွက်ပြီး တောင်အောက်ဆင်းရန် အဆိုတင်သွင်းခဲ့သည်မှာ လဝက်ကျော်ကြာပြီဖြစ်သည်။
ဒီအချိန်၌ သူစာအုပ်ဆိုင်တွင် အရင်တစ်ခေါက်ထက်ပိုမြင့်သော တုံ့ပြန်မှုများကိုရရှိခဲ့သည်။
"လာပါလာပါ ထိုင်ပါဦး"
ဖန်ချောင်ကျိုး ဆိုင်ပိုင်ရှင်၏ စိတ်အားထက်သန်မှုကိုတွေ့ပြီးနောက် သူနည်းနည်း အပိုလုပ်သည်ဟု ခံစားရကာ
ဆိုင်ရှင်က သူ၏ပေါင်အားပုတ်၍ဖြေလာသည်။
"အဲ့တစ်ပုဒ် အရမ်းကောင်းတယ်"
သူက မင်းကို နောက်တစ်ပုဒ်ရေးပေးစေချင်နေတာ။
ဖန်ချောင်ကျိုးထိုစကားကိုကြား၍ တုံ့ဆိုင်းသွားသည်။
သူထို ပရိတ်သတ်စိတ်ကူးယဉ်ဝတ္ထုကို အရင်တစ်ခေါက်ရေးတာနှင့်ပင် အလွန်အရှက်ရနေပြီပင်။ အခုတစ်ခေါက်ရောဆို???
ဆိုင်ရှင်က ဖန်ချောင်ကျိုး၏ တုံ့ဆိုင်းမှုကို သတိထားမိပြီးနောက်တွင် ချက်ချင်းပင်
"အဲ့ဒီလူကပြောတယ်၊ ဒီတစ်ခေါက်ဆို စာမူခပိုပေးမယ်တဲ့ စာလုံးတစ်လုံး စိတ်ဝိဉာဏ်ကျောက်ခဲတစ်တုံး မင်းရေးနိုင်သလောက် မင်းရမှာ"
"သူရေးနိုင်တာပေါ့!!!!!"
"ချောင်!!ချောင်ကျိုး!! စာတစ်လုံးကို စိတ်ဝိဉာဉ်ကျောက်တုံးတစ်တုံးတဲ့!!
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy