chapter 97

66 10 0
                                    

Heartthrob - 97

"ကျွန်တော် မနက်ဖြန် ကြီးကြပ်ရေးမှူးဆီသွားပြီး အပြစ်ခံယူလိုက်ပါ့မယ်"

ဖန်းချောင်ကျိုးက ရွှယ်သန်းရုံ စကားဆုံးသည်နှင့် ချက်ချင်းပြောလိုက်သည်။
သူ့၏ အန္တရာယ်ကိုအလိုလိုသိစိတ်က ရွှယ်သန်းရုံပြောသည့်အပြစ်ဒဏ်မှာ ဘာမှကောင်းမည့်ဟာမဟုတ်မှန်း ခံစားမိနေသည်။
သို့သော် ရွှယ်သန်းရုံက သူ့ကို လွှတ်မပေးချေ။

"မင်းက ငါ့ကို လိမ်ခဲ့တာ၊ ဘာလို့ တခြားသူဆီသွားပြီး အပြစ်ခံယူမှာလဲ"

အသံရပ်သွားပြီး တစ်ချိန်တည်းမှာပဲ သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။ ဖန်းချောင်ကျိုးမှာ ထိုသူ ချဉ်းကပ်လာသည်ကို မြင်သောအခါ မနေနိုင်ဘဲ ခြေတစ်လှမ်းဆုတ်လိုက်မိ၏။
ရွှယ်သန်းရုံက ဖန်းချောင်ကျိုး၏ လှုပ်ရှားမှုကိုတွေ့သော် သူ့မျက်လုံးများ နက်မှောင်သွားပြီး နောက်ထပ် ခြေတစ်လှမ်းထက်တိုးလိုက်၏။ ဖန်းချောင်ကျိုးသည်လည်း နောက်သို့ တစ်လှမ်းထပ်ဆုတ်လိုက်သည်။ သို့သော် သူ့နောက်တွင် စားပွဲတစ်လုံးရှိနေမှန်း သူမေ့သွား၏။ ရုတ်တရက် နောက်ဆုတ်လိုက်သောအခါတွင် သူ အခြေမခိုင်တော့ဘဲ စားပွဲပေါ်သို့ ထိုင်လျက်ကျသွားလေသည်။
ကိုယ်ကိုမတ်ရန် စဉ်းစားလိုက်သော်လည်း သူ နောက်ကျသွားပြီဖြစ်သည်။
ရွှယ်သန်းရုံက သူ့ရှေ့သို့ရောက်နေနှင့်ပြီးလေပြီ။ရွှယ်သန်းရုံ သူ့ရှေ့ရှိ စားပွဲပေါ်ထိုင်နေသော လူငယ်လေးကိုကြည့်လိုက်ပြီး ကြေးမီးအိမ်အား စားပွဲအစွန်သို့ ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။ ထိုအပြုအမူကြောင့် သူ စားပွဲပေါ် ငုံ့ကိုင်းလိုက်ရန်လိုလာ၏။
သူ ငုံ့ကိုင်းလာပြီး ဖန်းချောင်ကျိုးနားမှ ဖြတ်သွားသောအခါ ဖန်းချောင်ကျိုး တစ်ဖက်လူကိုယ်ပေါ်မှ အေးစက်စက်အငွေ့အသက်ကို ရှူရှိုက်မိလိုက်သည်။
သူ မနေနိုင်ဘဲ နှုတ်ခမ်းများကိုဖိပိတ်လိုက်မိပြီး သူ့ခန္ဓာကိုယ်က မလှုပ်မယှက်ဖြင့် ပို၍တောင့်တင်းလာသည်။

ရွှယ်သန်းရုံ ကြေးမီးအိမ်ကို နေရာချလိုက်ပြီးသောအခါ သူ ရပ်လိုက်ပြီး ဖန်းချောင်ကျိုးကို ဘေးတစ်စောင်းကြည့်လိုက်သည်။ သူ့ရှုထောင့်မှနေ၍ ဖန်းချောင်ကျိုး၏ တဆတ်ဆတ် တုန်ယင်နေသော မျက်တောင်များကို ရှင်းရှင်းလင်းလင်း မြင်ရသည်သာမက တစ်ဖက်လူ၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းလွှာများကိုပါ အ‌သေအချာမြင်နေရသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now