Heartthrob - 122
ထို"ဟုတ်ပြီ"ဟူသောစကားလုံးကြောင့် ဖန်းချောင်ကျိုးမှာ တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရလေသည်။ ဒုတိယနေ့၌ သူ ရွှယ်သန်းရုံအတွက် ဆေးထကြိုမပေးနိုင်တော့ချေ။ အတိအကျပြောရလျှင် သူ ထချင်ပါသော်လည်း မထနိုင်ခြင်းသာ။ သူ့ကိုယ်ပေါ်ရှိ မုသန်းပန်းလေးက သူ့ကို လုံးဝလွှတ်မပေး။
(T/N : ရွှယ်သန်းရုံက သန်း နဲ့ မုသန်းပန်းရဲ့ သန်း က စာလုံးတူတာမို့ ရွှယ်သန်းရုံကို မုသန်းပန်းလေးလို့လည်း ရည်ညွှန်းတတ်ပါတယ်)
ဖန်းချောင်ကျိုးမှာ နောက်ဆုံးတော့ မုသန်းပန်းအောက် အသက်ပျောက်ရခြင်းဟူသည်မှာ မည်သည်ကိုခေါ်မှန်း သိခဲ့ပြီဖြစ်သည်။(TN : ဒီက မုသန်းပန်းအောက် အသက်ပျောက်တယ်ဆိုတာကတော့ ကာမကိစ္စလုပ်ရင်း အသက်ထွက်သွားရတာရဲ့ slang ပါ)
တတိယနေ့တွင် ဖန်းချောင်ကျိုးမှာ မူးနောက်နောက်သာ ဖြစ်နေသေးသည်။ တစ်ယောက်ယောက်က သူ့အား ခွံ့တိုက်နေသည်ကို သူ ခံစားမိ၏၊ သို့သော် သူ မျက်လုံးများမဖွင့်နိုင်။ သူ ရင်းနှီးနေသော အေးမြမြမွှေးရနံ့ကို ခံစားမိသဖြင့် မခုခံဘဲတစ်ဖက်လူ ခွံ့သည့်အလိုက် သောက်လိုက်သည်။ သောက်နေရင်းတစ်ဝက်တွင် သူ့နှုတ်ခမ်းများ သိမ်းပိုက်ထွေးပတ်ခံလိုက်ရ၏။
သူ စိတ်ထဲမှ ညည်းတွားလိုက်ပြီး မနေနိုင်ဘဲ စောင်ပုံအောက်ပုန်းကွယ်လိုက်ကာ ဗလုံးဗထွေးအသံဖြင့် အသနားခံရတော့သည်။
"ရှောင်ရှစ်တိ ငါအရမ်းအိပ်ချင်နေလို့ပါကွာ၊ နောက်တစ်ခေါက်မှပေါ့"
ယခု ထပ်လုပ်လျှင် သူ တကယ် သေတော့မည်။ရွှယ်သန်းရုံ သူ့လက်ထဲရှိ လင်းရွှေရေကို ခုံပေါ်တင်လိုက်ပြီး ကုတင်ဆီသို့ ပြန်လာသည်။ သူ အပြင်ဘက်ရှိ ငှက်နှစ်ကောင်ကို အကာအကွယ်ချကာ အိပ်မွေ့ချအစီအရင်ပါ ချခဲ့လိုက်၏။ ၎င်းတို့ အထဲမှလှုပ်ရှားမှုများကို မသိနိုင်အောင် ဖြစ်သည်။
သူ စောင်ထဲ ဝင်ပုန်းရန်ကြိုးစားနေသော လူငယ်လေးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများ မှောင်မိုက်လာသည်။ သူ တစ်ဖက်လူ၏ လှုပ်ရှားမှုများကို မတားပေ။ သို့သော် သူလည်း ခေါင်းငုံ့ချလိုက်ကာ နီးကပ်သွားပြီးနောက် တစ်ဖက်လူ၏ ဘေးစောင်းမျက်နှာလေးကို နမ်းလိုက်ကာ တိုးတိုးပြောသည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy