Chapter 124

38 4 1
                                    

Heartthrob - 124

တာ့ရှစ်ရှုန်း နေထိုင်သည့်အိမ်က မဝေးပေ၊ ဖန်းချောင်ကျိုး ခဏလေးနှင့် ရောက်သွားသည်။ သူ တာ့ရှစ်ရှုန်း၏ အိမ်အပြင်တွင် ရပ်နေရင်း စကားမပြောရသေးခင်မှာ တာ့ရှစ်ရှုန်းနေအိမ်အပြင်ရှိ အရံအတား ပွင့်သွားသည်ကို တွေ့လိုက်ရသည်။

သူရောက်လာတာ တာ့ရှစ်ရှုန်း သိသွားပြီ။ဖန်းချောင်ကျိုး ၎င်းကိုမြင်သော် အထဲသို့ဝင်လိုက်သည်။

ဝင်သွားပြီးနောက်တွင် ဤနေရာက အရင်ကနှင့်မတူတော့သည်ကို ဖန်းချောင်ကျိုး မြင်လိုက်ရ၏။ အရင်ကဆို သူ ဝင်ဝင်ချင်းမှာပဲ ရေကန်တစ်ကန်လုံးအပြည့် ကြာရွက်ကြာပန်းများကို မြင်နိုင်သည်။ တာ့ရှစ်ရှုန်းက ကြမ်းကြမ်းတမ်းတမ်းယောင်္ကျားကြီးဖြစ်သော်လည်း သစ်ပင်ပန်းမန်များကို အလွန်သဘောကျ၏။ ဝိဉာဉ်စွမ်းအင်ကိုသုံး၍ တစ်နှစ်ပတ်လုံး ကြာပန်းနီများဝေနေအောင် ထားထားလေ့ရှိသည်။

ထိုသည်သာမက တာ့ရှစ်ရှုန်း၏နေရာတွင် အနံ့ချိုချို ပင်လုံးကြိုင်ပင်၊ မက်မွန်ပင်စသည်တို့လည်း ရှိသေး၏။ ယခင်တုန်းက ဖန်းချောင်ကျိုးသည် တာ့ရှစ်ရှုန်းပို့သော မက်မွန်သီးများ မကြာခဏ လက်ခံရ၏။ သို့သော် ယခုမူ ရေကန်ထဲရှိ ကြာပန်းနီများရော ဘေးနှစ်ဖက်ရှိ သစ်ပင်များပါ သေကုန်ကြပြီဖြစ်သည်။

ဖန်းချောင်ကျိုး အံ့အားသင့်သွားပြီး တာ့ရှစ်ရှုန်း၏ အိပ်ခန်းဆီ သွားလိုက်၏။ သူ အခန်းတံခါးရှေ့ရောက်သော် လက်မြှောက်ကာ တံခါးခေါက်လိုက်သည်။

အထဲတွင် လူမရှိသကဲ့သို့ တိတ်ဆိတ်နေသည်။ဖန်းချောင်ကျိုး ခဏလောက်တန့်သွားပြီးနောက် အော်ပြောလိုက်သည်။
"ကျွန်တော်ပါ၊ ဖန်းချောင်ကျိုးလေ၊ တာ့ရှစ်ရှုန်း၊ ကျွန်တော် ပြန်လာပြီဗျ"

ထိုအသံထွက်လာသော် အခန်းထဲမှ လှုပ်ရှားမှုအနည်းငယ် ရှိလာသည်။

အခန်းထဲရှိအသံမှာ အက်ကွဲကာ မသာမယာဖြင့်။

"မင်းသွားပါတော့၊ ငါ့မှာ မင်းကို တွေ့စရာမျက်နှာမရှိပါဘူးကွာ"

"ကျွန်တော်မသွားဘူး၊ ကျွန်တော်ဖြင့် တာ့ရှစ်ရှုန်းနဲ့တောင် စာရင်းမရှင်းရသေးတာ၊ ဘယ်လိုလုပ်သွားရမှာလဲ၊ တာ့ရှစ်ရှုန်း ကျွန်တော့်ကို ဝတ္ထုစာအုပ် ငါးဆယ်၊ သရေစာ ကျင်းငါးဆယ် ဝယ်ပေးမှ ကျွန်တော် တာ့ရှစ်ရှုန်းကို ခွင့်လွှတ်မယ်"

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now