chapter 80 (part -2)

70 15 0
                                    

Chapter 80 pt 2

သူ့လေသံထဲတွင် စိတ်ရှုပ်မှုအပြင် မျှော်လင့်ချက်ပျက်စီးသွားမှုလည်း အနည်းငယ် ပါဝင်နေသည်။

ကြက်မြင်းက မှော်လက်နက်ကို ကြည့်လိုက်ပြီးနောက် ဖန်းချောင်ကျိုးကို ကြည့်လိုက်သည်။

"သူ မင်းကိုကြောက်သွားတာဖြစ်မယ်၊ နတ်ဘုရားတောင်မှ မင်းဒီလိုကစားနေတာကို သည်းခံနိုင်မှာမဟုတ်ဘူးကွ၊ ဖန်းချောင်ကျိုး မင်းဒီလိုလုပ်နေတာလည်း ဖြေရှင်းနည်းမဟုတ်ဘူးနော်၊ ရေဓာတ်လက်နက်ရတနာတွေက ရေဓာတ်ဝိဉာဉ်စွမ်းအင်ကလည်း အကန့်အသတ်ရှိတယ်၊ ဒီရွှေလင်ယွိကလည်း ချွင်းချက်မဟုတ်ဘူး၊ မင်း သူ့ဆီက အကုန်စုပ်ယူလိုက်လည်း ဘယ်နှရက်မှ ခံမှာမဟုတ်ဘူး၊ မင်း ရေကို လုံလုံလောက်လောက် မစုပ်ယူနိုင်ရင် မင်း မိစ္ဆာစိတ်ဝင်နှုန်းက ပိုမြန်လာမှာပဲ"

ကြက်မြင်းပြောသည်က မှန်ကြောင်း ဖန်းချောင်ကျိုး သိပါသည်။ သူ ခုနလေးကတင် သိစိတ်ပင်လယ်ထဲ ကြည့်လိုက်သေးသည်၊ ထိုမျက်ခုံးနှစ်ဖက်ကြားရှိ ပန်းဖူးလေးက ပွင့်စပြုလာပြီဖြစ်သည်။

ရေဓာတ်မှော်လက်နက်များက သူစုပ်ယူဖို့ မလုံလောက်ပေ၊ နောက်ပြီး သည်အတောအတွင်း သူ ရေဓာတ်မှော်လက်နက် အတော်များများကို ဖြုန်းတီးခဲ့ပြီးဖြစ်သည်။ သူက တိုင်းပြည်တစ်ပြည်စာလောက် ချမ်းသာနေပြီး တစ်လောကလုံးရှိ ရေဓာတ်မှော်လက်နက်များကို ဝယ်ယူနိုင်လျှင်တောင် သူ စုပ်ယူနိုင်သည့်နှုန်းက မှော်လက်နက်များ ပြုလုပ်နိုင်သည့်နှုန်းထက် ပိုမြန်နေသေးသည်။

ထို့အပြင် သူက ကျိကျိတက်ချမ်းသာသူလည်း မဟုတ်သဖြင့် သိပ်ကြာကြာခံမည်မဟုတ်ပေ။

"ဒါဖြင့် ငါ မိစ္ဆာစိတ်ဝင်ရုံပဲရှိတော့တာပေါ့?"

ဖန်းချောင်ကျိုး မျက်မှောင်ကြုံ့လိုက်သည်။ ကြက်မြင်းက ပြောသည်။

"မင်း မိစ္ဆာစိတ်ဝင်သွားရင်တောင် မင်းရောဂါ ပျောက်မသွားမှာစိုးရတယ်၊ မိစ္ဆာစိတ်ဝင်တယ်ဆိုရုံနဲ့ မင်းရဲ့ အဲဒီစပျစ်နွယ်ကို အစာခြေဖို့ ရေအလုံအလောက်ရှိလာပြိလို့ မဆိုလိုဘူးလေ၊ ငါခန့်မှန်းရရင် နောက်ဆုံးရလာဒ်ကတော့ မင်းမှာ ရေအလုံအလောက် မရှိတာမို့ အဲဒီစပျစ်နွယ်က မင်းဆီက ရေတွေခြောက်ခမ်းသွားအောင် စုပ်ယူပြီး မင်းခန္ဓာကိုယ်ထဲက ဖောက်ထွက်လာမှာပဲ"

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now