Chapter 50

1.5K 170 1
                                    

Chapter50

ဖန်ချောင်ကျိုး အသီးဖတ်အား ပါးစပ်ထဲမျိုချလိုက် လေသည်။ကျောင်းလီယွဲ့ချွေ၏ အကြည့်များ စူးရှသွားသည်။သူ သိုလှောင်ထားသော အသီးအမျိူးအစားများစွာရှိပေမယ့် ဤ မက်မွန်သီးကတော့ နောက်ဆုံး ဒီတစ်လုံးပဲရှိတော့သည်။

ဤအသီးက ဆန်မုန့်လုံးနှင့်အရသာတူပြီးစေးကပ်ကပ်တော့မဖြစ်ပေ။ဒီဟာက သူ၏ အကြိုက်ဆုံး အသီးများထဲတွင်ပါလေသည်။

ဒီဟာကလဲ သူကိုက်ပြီးနေပြီဖြစ်သည်။

ခဏလောက်‌တုန့်ဆိုင်းပြီးမှဖန်ချောင်ကျိုး ကျောင်းလီယွဲ့ချွေအားကြည့်လိုက်ကာ သတိဖြင့်စကားပြောလိုက်သည်။

"အရသာကတော့ သာမာန်ပါပဲ။ဆရာသခင် စားချင်ရင်လဲ ရပါတယ်။ဒါပေမဲ့ အဲ့အသီးလိုက ကျွန်တော့်မှာ ဒီတစ်လုံးပဲရှိတော့တာ။ပြီးတော့ ကိုက်လဲကိုက်ပြီးသွားပြီ။ဒါမှမဟုတ် မနက်ဖန် တောင်အောက်ဆင်းပြီး ဝယ်ကြမလား။

ကျောင်းလီယွဲ့ချွေလက်ခံလိမ့်မည်ဟု သူမထင်ခဲ့ပေ။သို့သော်လည်း ထိုသူက ခေါင်းငြိမ့်လက်ခံခဲ့သည်။

"ဒါဆိုလည်း မနက်ဖန်မနက် တောင်အောက်‌ဆင်းကြတာပေါ့။"

ဖန်ချောင်ကျိုး:"...."

သူက ထိုလူအား မယုံကြည်နိုင်စွာကြည့်လိုက်သည်။

ကျောင်းလီယွဲ့ရွှယ် ဖန်ချောင်ကျိုးပေါက်စအားပြန်ကြည့်ကာ
"မယုံနိုင်လဲ တောင်အောက် မသွားနဲ့တော့"
"ယုံပါတယ် ၊တကယ်ယုံပါတယ်"

ဖန်ချောင်ကျိုး၏ မျက်လုံးတွင်တောင် ပျော်ရွှင်မှုက ထင်ဟပ်နေပြီး ‌သူ၏ လက်လဲ မနာတော့ပါပေ။

ကျောင်းလီယွဲ့‌ချွေ ပြောစကားအရ မနက်ဖန် တောင်အောက်ဆင်းလို့ရတယ်ဆိုတော့ သူလိုအပ်တာလဲ ဝယ်လို့ရမှာပဲ။ဒါဆို မနက်ဖန် သိုလှောင်ခန်းမှာ အပြည့်ဖြည့်တော့မယ်။အရင်တစ်ခေါက်က သူမြို့တော်ကိုအလျင်စလိုသွားခဲ့ရတာကြောင့် ဘာမှကို မဝယ်ဖြစ်ခဲ့ပေ။အခုဆို အစားအစာကလဲကုန်၍ ဆရာကြီးကလဲ သူ့သိုလှောင်ခန်းထဲ ရှင်းလင်းပစ်ထားသဖြင့် ဘာမှကိုရှိမနေပေ။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now