Heartthrob - 127
ဤရက်တစ်ရာမှာ ရှည်သည်ဟု မဆိုသာသလို တိုသည်ဟုလည်း ပြောလို့မရချေ။
ကြက်မြင်းလည်းမရှိ၊ ဟုရှန်းလည်း ထွက်သွားသဖြင့် ကျို့ယွီကန်မှာ အများကြီးပိုတိတ်ဆိတ်သွားသည်။ သို့သော် ဖန်းချောင်ကျိုးလည်း အားမနေပါ။ သူ နဂိုဝါသနာ ပြန်ထလာပြီး ဝတ္ထုဖတ်လိုက် သရေစာစားလိုက်သာ လုပ်နေသည်။ ရှစ်ဖူချန်ဟုန်ရိက ရွှယ်သန်းရုံအား မိစ္ဆာစိတ် ကူဖြေပေးဖို့သွားနေပြီး သူတို့ကို အချိန်မပေးနိုင်။ တာ့ရှစ်ရှုန်းမှာမူ သေရာမှပြန်ရှင်လာသော ဆရာတူညီလေး ဖန်းချောင်ကျိုးအား အဖိုးတန်လေးလို တန်ဖိုးထားနေပြီး ဖန်းချောင်ကျိုးကို သွားကျင့်ကြံဖို့ မခိုင်းရက်ပေ။
ဤအချိန်အတွင်း ဖန်းချောင်ကျိုးမှာ ယခင်နှစ်များကထက်ပင် ပို၍ သာသာယာယာ ရှိနေလေသည်။ဘယ်သူမှ သူ့ကို အရေးမစိုက်၊ ဘယ်သူမှလည်း သူ့ကို အတင်းမကျင့်ကြံခိုင်း၊ ဆရာတူအစ်ကို ဆရာတူညီများညီမများက သူ့ကို တွေ့သည့်အခါတိုင်း ဖက်လှဲတကင်း ရင်းရင်းနှီးနှီးရှိကြသည်။
သို့သော် ကိစ္စတစ်ခုကတော့ သူ့အိမ်တံခါးဝသို့ ရောက်လာလေ၏။
"အာ့ရှစ်ရှုန်း၊ ရှန်းကျီးဆေးလုံးနဲ့ ထျန်လုဆေးတွေ ရောင်းလိုက်ပြီလား"တုယွင်ရှီးက လက်ကို နှုတ်ခမ်းနားကပ်ကာ ပြောသည်၊ တခြားလူကြားသွားမှာစိုးသည့်အလား သူ့အသံက အလွန်တိုးလျနေ၏။သို့သော် ယခု ကျို့ယွီကန်တွင် သူတို့နှစ်ယောက်သာ ရှိသဖြင့် တခြားလူ ကြားသွားနိုင်သည့်ဖြစ်နိုင်ချေ လုံးဝ ရှိမနေပေ။
"ဟင့်အင်း"
ဖန်းချောင်ကျိုး ပြောလိုက်သည်။တုယွင်ရှီးက သက်ပြင်းချ၏။
"ရှစ်ရှုန်း ကျွန်တော့်ကို ကူညီပါဗျာ၊ ကျွန်တော် အခု ဆေးလုံးသန့်စင်ချင်တာတောင် ကုန်ကြမ်းဝယ်ဖို့ ငွေမရှိတော့ဘူးဗျ"
ဖန်းချောင်ကျိုး အကျောဆန့်လိုက်သည်။ သူ အိမ်ထဲတွင်သာ နေနေသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် အပြင်ထွက်၍ စာအုပ်လေးသရေစာလေးဝယ်ရန် အချိန်ကျပေပြီ။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy