chapter13
လူငါးယောက်ရှိသည့်အထဲတွင် လီကျူးသည် သည်းခံနိုင်မှုကျော်လွန်သွားသဖြင့် ဒေါသပေါက်ကွဲသည့် ပထမဆုံးသူဖြစ်သည်။ သူသည် ရွယ်သန်းရုံကိုအကြိမ်ပေါင်းများစွာကြည့်ပြီးနောက် လီယီး၏နောက်တွင် ကွယ်နေသည့်ဖန်ချောင်ကျိုးကိုလည်းကြည့်မိသည်။ ခနကြာပြီးနောက်မှာတော့ သူမနေနိုင်တော့ပဲ လီယီးအားမေးတော့သည်။
"အဖေ၊ ခင်များနောက်ကသူကဘယ်သူလဲ"
အစစ်အမှန် ရွယ်သန်းရုံပါရောက်လာသည့်အခါ သူသည် ထိုနောက်ရွယ်သန်းရုံက(ဖန်ချောင်ကျိုး) ထူးဆန်းနေသည်ကို သတိပြုမိသည်။လီယီးသည် သူပြန်မဖြေရသေးခင်တွင် သူ့ဝတ်ရုံစကိုအနောက်မှဆွဲလိုက်သည်ကိုခံစားမိသည်။
သူ့အနောက်ကကောင်လေး.....
သူ့တွက်တော့ ဖန်ချောင်ကျိုး၏အသက်အရွယ်သည် အမှန်တစ်ကယ်ကို ကောင်ငယ်လေးသာသာပင်။
ဖန်ချောင်ကျိုးသည် လီယီးမှတစ်ခုခုပြောလိုက်မည်ကိုကြောက်သဖြင့် သူ၏ဝတ်ရုံစကို တင်းတင်းကျပ်ကျပ်ဆွဲထားပြီး သူ့ကျောပေါ်တွင် စာရေးပြလေသည်။ထိုစာမှာ...."ညှာတာစာနာပါဦးနော်...."
*သူက လီယီးအတွက် ကစားစရာအရုပ်အဖြစ် ရှိနေပေးခဲ့တဲ့သူပဲလေ.... သူ့ကိုသစ္စာမဖောက်သင့်ဘူးလေနော် အိုကေ?*
ဖန်ချောင်ကျိုးသည် လီယီးက တုံ့ပြန်မှုမြန်ဆန်သူမှန်းမသိဘဲ သူပထမစာလုံးကို စတင်ဆွဲလိုက်ကတည်းက လီယီး၏မျက်ခုံးများပင် တုန်ယင်သွားကာ သူ့မျက်နှာသည်ပို၍ပို၍ပင် ကြောက်စရာကောင်းလာသည်။ ဖန်ချောင်ကျိုးသည် သူ့ရဲ့နောက်ဆုံးစာလုံးကို ရေးဆွဲပြီးသည့်အချိန်တွင် လီယီးသည် သည်းမခံနိုင်တော့ပဲ အနောက်ကိုလှည့်ကာ ဖန်ချောင်ကျိုး၏လက်အားဖမ်းကိုင်လိုက်ပြီး
"တော်လောက်ပြီ၊ အဲ့တာကိုစိတ်ပူမနေနဲ့"
လီယီးသည် ဖန်ချောင်ကျိုးမှာ အတော်ကိုမရိုးသားသည့်သူဟု ခံစားနေရသည်။ သာမန်ကျင့်ကြံသူသာဆိုလျှင် လူသိရှင်ကြားအရှက်ခွဲခံရပါက အလွန်ရှက်ရွံ့ကာ သည်းမခံနိုင်ဖြစ်ပြီး သူ့အားအရိုးထဲမှမုန်းတီးမည်သာ။ ထိုကောင်လေးမှာတော့ အရှက်လုံးဝမရှိရုံမက သူ့အားမုန်းတီးခြင်းလည်းမရှိပဲ သူ့နောက်တွင်ပင် ပုန်းနေလိုက်သေးသည်။ လူတွေအများကြီးရှိနေသည့်တိုင် သူ့အားဆွဲဆောင်လိုက်သေးသည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy