Chapter 10

1.8K 176 1
                                    



ရုတ်တရက်ဖန်ချောင်ကျိုးသည် သူ့ခါးပေါ်ရှိ လက်မှာ ပိုတင်းကျပ်လာသလိုခံစားမိသည်။

"သခင်လေး ဒီလူက အရမ်းရက်စက်တာပဲ"

မိန်းကလေးရီရီသည် ကြောက်ရွံနေသည့်အလား ဖန်ချောင်ကျိုး၏လက်မောင်းများအတွင်းသို့ပိုတိုးဝင်လာသည်။ ဖန်ချောင်ကျိုးမှာ သူမနှင့်ထိတွေ့နေသောနေရာများတွင် ကြက်သီးများထကာ မထိနေသောနေရာများတွင်တော့ အအေးဓာတ်များလွှမ်းခြုံနေသလိုခံစားနေရသည်။

အထူးသဖြင့်ကျောချမ်းနေပေသည်။

"အနောက်မှာဘာများရှိနေသလဲ"

ဖန်ချောင်ကျိုးသည်နောက်လှည့်မကြည့်ဘဲ မနေနိုင်၍လှည့်ကြည့်ရာ သူ၏ဆရာတူညီလေးမှလွဲ၍ တခြားသူမရှိပေ။

မေ့လိုက်တော့! အဓိကအရေးကြီးတာက အအေးဓာတ်တွေဘယ်ကလာလဲရှာဖို့မဟုတ်ဘူးလေ။ သူ့လက်မောင်းတွေထဲကဟာကိုအရင်ဖြေရှင်းရမည်သာ။

ထို့ကြောင့် ဖန်ချောင်ကျိုးသည် သူ့ဘေးရှိ ဆရာတူညီမလေးအား ကတိုတ်ကရိုက်ပင် မျက်စပစ်ပြလိုက်ရာ ဆရာတူညီမလေးမှာ နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။ သူမက ခေါင်းမာနေသော မိန်းကလေးရီရီကို အတင်းဆွဲဖယ်ကာ သူ့အစ်ကိုကြီးအား ထိုမိန်းကလေးမှ နောက်တစ်ကြိမ်ခုန်အုပ်မည်ကိုစိုးရိမ်၍ ရိုးရှင်းစွာပဲ အစ်ကိုကြီးရှေ့တွင် မားမားမတ်မတ် ရပ်နေလိုက်သည်။

"ဒီမှာမိန်းကလေး ဆရာတူဒုတိယအစ်ကိုက အစေခံမလိုအပ်ဘူးလို့ပြောပြီးပြီပဲ ကျေးဇူးပြုပြီး ပြန်လိုက်ပါ"

မိန်းကလေးရီရီက သူမကိုဆွဲထားတဲ့ဆရာတူညီမလေး၏လက်ကိုဆုပ်ကိုင်ကာ ငိုကြွေးလေသည်။

"ဒီအစေခံနဲ့မိသားစုမှာ သွားစရာနေရာလည်းမရှိပါဘူး၊ သခင်လေးသနားညှာတာပေးဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ဒီအစေခံနဲ့မိသားစုမှာ မြစ်ထဲခုန်ချဖို့ပဲရှိပါတော့တယ်။ နောက်ဘဝမှာ ချမ်းချမ်းသာသာမွေးဖွားလာဖို့ မျှော်လင့်ပါတယ်။"

ဖန်ချောင်ကျိုး : "သြော်"

မိန်းကလေးရီရီ : ...............

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now