Chapter 36 (pt 1)

1.3K 128 1
                                    

Chapter 36 pt1

ဖန်ချောင်ကျိုး သတိရလာသောအခါတွင် သူ၏အခန်းထဲ၌ သူတစ်ယောက်သာကျန်တော့သည်။

သူက ကုတင်ပေါ်သို့ခဏသာစိုက်ကြည့်ပြီးနောက် သူ၏တင်ပါးအားထိကြည့်လိုက်သည်။

"မနာတော့ဘူးးးး!!!!"

ဖန်ချောင်ကျိုးက မျက်တောင်တစ်ချက်ခတ်ပြီးနောက် သူ၏လက်ကိုမြှောက်ပြီး မျက်နှာအား ဖုံးကွယ်လိုက်သည်။သူက တင်ပါးအရိုက်ခံရတာသည်ဆိုတာ အလွန်ရှက်စဖွယ်ကောင်းသော ကိစ္စဟု ထင်နေသည်။ သို့သော် အဲ့ထက်ရှက်စရာကောင်းသည့် ကိစ္စများဖြစ်ပွားခဲ့သည်။

ကျောင်းလီယွဲ့ချွေက တကယ့်ကိုပင် စိတ်ဆိုးစရာကောင်းလွန်းသည်။ အကယ်၍ သူ ဆရာတူညီလေးကို ချစ်ခဲ့သည်ရှိသော် အခု သူသည် အချစ်ပြိုင်ဖက်ထံမှ ထိုသို့သော နေရာသို့ ဆေးအလိမ်းခံရသော အကြောင်းတို့ကြောင့် သူဘယ်လို ထိုဆရာတူညီလေးအား မျက်နှာချင်းဆိုင်ဝံ့လိမ့်မလဲ။

ပြီးတော့ထိုသူက နှစ်ပေါင်းထောင်ချီမျှနေထိုင်ခဲ့သော အသက်ကြီးနေသောလူပင်။

ဖန်ချောင်ကျိုးက ရုတ်တရက်ထထိုင်လိုက်သည်။

"မဖြစ်တော့ဘူး ၊ဒီမှာမနေနိုင်တော့ဘူး ၊စောစောထွက်သွားတာပိုကောင်းလိမ့်မယ်၊အကယ်၍ ဆက်နေလျှင် သူ့စိတ်နှင့်ခန္တာကိုယ်က ပျက်စီးသွားလိမ့်မယ်။"

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ ထွက်သွားလို့မရသေးပေ။သူ ထိုကျောင်းလီယွဲ့ချွေ၏ မျက်နှာကိုမမြင်ချင်ပေ။
"ရှက်လိုက်တာ တကယ်ရှက်စရာ"
နောက်နေ့မှာတော့ ဖန်ချောင်ကျိုးက စောစောထ၍ ကျောင်းလီယွဲ့ချွေနားသို့သွားကာ သူမနေ့က ပြောဖို့ပြင်ဆင်ထားသောစကားများကို အကြိမ်ကြိမ်အခါခါ တိုးတိုးတိတ်တိတ်ရွတ်ဆိုခဲ့သည်။

သို့သော်လည်း ကျောင်းလီယွဲ့ချွေ၏ ခြံဝန်းအပြင်ဖက်သို့ရောက်သောအခါ အခန်းထဲတွင်ရှိနေရမည့်လူက အပြင်တွင် မတ်တက်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ကျောင်းလီယွဲ့ချွေက ဖန်ချောင်ကျိုးအားမြင်သောအခါ သူသည်စကားစလိုက်သည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီOnde histórias criam vida. Descubra agora