Chapter 16
လီယီးသည် ရွယ်သန်းရုံ၏စကားကိုကြား ရှင်းရှင်းလင်းလင်းကြားရသည်။ သို့သော်သူက သရော်ပြုံးပြုံးကာ အဲ့အားသင့်နေသောဖန်ချောင်ကျိုး၏မျက်နှာကိုဆွဲညှစ်လိုက်၏။
သူ့ရှေ့ကကောင်လေးရဲ့မျက်နှာက ရွယ်သန်းရုံလောက်မလှသော်လည်း ကြည့်ကောင်းသည်ဟုဆိုနိုင်သည်။ အရေးအကြီးဆုံးက ထိုကောင်လေးဟာ စိတ်သဘောထားနူးညံ့ပြီးရွယ်သန်းရုံလို သူ့ကိုအမှိုက်တစ်စလိုမြင်သည့်အကြည့်တွေမရှိပေ။
လီယီးမှာသူ့မျက်နှာကိုနှစ်ခါတောင်ဆွဲညှစ်ပြီးမှ လွှတ်ပေးသဖြင့် ဖန်ချောင်ကျိုးသည်ရင်တထိတ်ထိတ်ဖြစ်ကာ စကားများပင်ထစ်ကုန်သည်။
"မဟုတ်....မဟုတ်ဘူးလေ...ဘာက်ိုပြန်လျော်ရမှာလဲ"
လီယီက ကြောင်အမ်းအမ်းဖြစ်နေသည့်ဖန်ချောင်ကျိုး၏ပုံစံကိုမြင်ရာ မရယ်ဘဲမနေနိုင်။
"မင်းပဲ မင်းရဲ့ဆရာတူညီလေးကိုလွှတ်ပေးပြီး မင်းကိုထိချင်ရင်ထိပါလို့မပြောခဲ့ဘူးလား။ ငါအခုမင်းရဲ့ဆရာတူညီလေးကိုလွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ"
ဖန်ချောင်ကျိုးသည် သူ့မျက်နှာကိုဆွဲညှစ်ထားသည့်လီယီး၏လက်များကိုရှောင်လိုက်ပြီး သူ့နှလုံးသားထဲတွင်ရှုပ်ထွေးနေကာဘာပြန်ပြောရမှန်းပင်မသိတော့ချေ။
*ဇတ်ကြောင်းကဒီလိုကြီးဖြစ်လာတာလား။ လီယီးကရွယ်သန်းရုံကို ချစ်တင်းနှောဖို့ဖိအားပေးမယ့်အစား...ဒီလိုမျိုး...
ဖြစ်နိုင်တာက ငါဆရာတူညီလေးကို ရွှေပိုးခြုံဝတ်ရုံပေးလိုက်တော့ ဇတ်ကြောင်းအတိုင်းမသွားနိုင်တော့ဘူး။အဲ့တာကြောင့် စာရေးသူကမကျေမနပ်ဖြစ်ပြီး၊ ငါ့ကိုရွယ်သန်းရုံနေရာဝင်ခိုင်းတာပေါ့
မလုပ်နိုင်ဘူး
အမျိုးကောင်းသားတစ်ယောက်က အောက်မှာနေမယ့်အစား အသေပဲခံလိုက်မယ်*
ဖန်ချောင်ကျိုးက သူ့ရဲ့ခြိမ်းခြောက်မည့်အစီအစဥ်ကိုအကောင်အထည်ဖော်ဖို့ ကြိုစားရင်း မျက်လုံးများကိုကျယ်ကျယ်ဖွင့်ကာ
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy