Chapter 140

1.1K 81 1
                                    

Heartthrob - 140

(အတိတ်ဘဝက တစ္ဆေလေးအား မွေးမြူခြင်း နေ့စဉ်ဖြစ်ရပ်များ အချပ်ပို)

ဖန်းချောင်ကျိုးသည် နဂိုက ထုတ်ပြထားသော အပြင်ပန်း ရင့်ကျက်ပုံနှင့် လုံးဝမတူ။ ဤသည်က ယခုတလောအတွင်း ရွှယ်သန်းရုံ၏ ကိုယ်တိုင်ကြုံရသော အတွေ့အကြုံ ဖြစ်သည်။

သူ မျက်လုံးများဖွင့်လိုက်သောအခါ ထုံးစံအတိုင်း ပုံရိပ်တစ်ခုက အလျင်အမြန် ထွက်ပြေးသွားသည်ကို တွေ့လိုက်ရ၏။ ၎င်းက ဖန်းချောင်ကျိုးပင်။

တစ်ဖက်လူက ဝိဉာဉ်ဖွေရှာမီးအိမ်ထဲတွင် သွားပုန်းနေသည်။ ရွှယ်သန်းရုံ ကုတင်ပေါ်မှ ထလိုက်ပြီးနောက် ကြေးမုံမှန်ဆီသို့ လျှောက်သွားလိုက်သည်။ ထင်ထားသည့်အတိုင်းပင် သူ့မျက်ခုံးအလယ်ရှိမှဲ့က ပန်းပွင့်ပုံစံလေး ဖြစ်သွားသည်ကို မှန်ထဲ၌ တွေ့လိုက်ရ၏။ သူ့မျက်ခုံးအလယ်တွင်အပြင် သူ့ပါးနှစ်ဖက်၌လည်း ပန်းပွင့်လေးနှစ်ပွင့် ရှိနေသေးသည်။

ဖန်းချောင်ကျိုး ဆွဲထားခြင်းပင်။ တစ်ဖက်လူက အဘယ်ကြောင့် ထိုသို့လုပ်မှန်း ရွှယ်သန်းရုံသိပါသည်။ဖန်းချောင်ကျိုးက အပြင်သို့ထွက်ပြေးကာ ဆော့ချင်သည်။ သို့သော် သူက အရံအတားချကာ ဖန်းချောင်ကျိုးကို တားထားသဖြင့် သူက ဤသို့ကလေးဆန်သောနည်းလမ်းဖြင့် လက်တုံ့ပြန်ခြင်းဖြစ်သည်။

ရွှယ်သန်းရုံသည် သူ့မျက်နှာပေါ်ရှိ အမှတ်များကို ရေဖြင့်‌ဆေးချဖို့ စိတ်မရှိပေ။ သူ ဆေးကြောသန့်စင်၍ အဝတ်အစား လဲဝတ်လိုက်ပြီးနောက် သူ ဝိဉာဉ်ဖွေရှာမီးအိမ်ကို ရေအေးကန်သို့ခေါ်သွားကာ ကျင့်ကြံလေသည်။
ယခင်က ဝိဉာဉ်ဖွေရှာမီးအိမ်က ရေအေးကန်ထဲ ပြုတ်ကျသွားဖူးသဖြင့် ယခု ရွှယ်သန်းရုံသည် ဝိဉာဉ်ဖွေရှာမီးအိမ်၌ အကာအကွယ်တစ်ခု ထပ်ဆောင်းချပေးထားသည်။ ဝိဉာဉ်ဖွေရှာမီးအိမ် မတော်တဆ ရေအေးကန်ထဲ ပြုတ်ကျသွားလျှင်တောင်မှ အထဲရှိဖန်းချောင်ကျိုး အေးခဲသွားမည်မဟုတ်တော့ချေ။ ရွှယ်သန်းရုံက ဝိဉာဉ်ဖွေရှာမီးအိမ်ကို ရေကန်စပ်တွင် ချလိုက်သည်။ ထို့နောက် သူ အပြင်ဝတ်ရုံချွတ်ပြီး ရေအေးကန်ထဲ ဝင်လိုက်ကာ စတင်ကျင့်ကြံတော့၏။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now