Chapter 117 (pt 2)

50 6 0
                                    

"စော‌သေးတယ်၊ ထပ်အိပ်လိုက်ဦး"

ထို့နောက် အလောတကြီး အပြင်ထွက်သွားတော့သည်။

ဖန်းချောင်ကျိုး၏ အဝတ်အစားများက အပြင်တွင်ထားထားခြင်းဖြစ်သည်။ သူ အပြင်ထွက်လိုက်သည်နှင့် ထိုင်ဖုံပေါ်တွင် အတူရှိနေသည့် ငှက်နှစ်ကောင်ကို မြင်လိုက်ရ၏။ အတိအကျပြောရလျှင် ကြက်မြင်းက ခေါင်းကို ရွှေတောင်ပံငှက်၏ ပွပွရွရွ ရင်ဘတ်မွေးများကြား၌ မြှုပ်ထားသည်ကို မြင်လိုက်ရသည်။ ကြက်မြင်းက ခေါင်းကို တစ်ခဏမျှ မြှုပ်ထားပြီးနောက် ခေါင်းမော့က တီး‌တိုးပြောသည်။

"ဒီလိုမျိုးလား"

ရွှေတောင်ပံငှက်က ခေါင်းညိမ့်သည်။ကြက်မြင်းက ခေါင်းကို ထပ်မြှုပ်လိုက်ပြန်၏။

"ရင်ဘတ်ကို မျက်နှာအပ်ထားတာ ဘာလုပ်လို့ရမှာလဲ၊ ပြီးတော့ ညတစ်ဝက်လောက်တောင် မြှုပ်ထားသေးတယ်? ပြီးတော့ရော? သူတို့ ဘာလုပ်ကြသေးလဲ"

ရွှေတောင်ပံငှက်က တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် ခန္ဓာကိုယ်ကို ဘေးသို့လှည့်လိုက်ကာ အကောင်းအတိုင်းရှိနေသေးသည့် အတောင်ပံတစ်ဖက်ကို မြှောက်လိုက်ပြီး ကြက်မြင်း၏ခေါင်းကို ပွတ်သပ်လိုက်သည်




သူ ခြေလှမ်းအမြန်လျှောက်သွားလိုက်ပြီး ထိုင်ဖုံပေါ်တင်ထားသည့် အဝတ်အစားများကို ကောက်ယူဝတ်ဆင်လိုက်သည်။ သူ လှုပ်ရှားမှုများကို မရပ်ဘဲဆက်တိုက်လုပ်ဆောင်နေ၏။ ကြက်မြင်းက အသံကိုကြားပြီး ခေါင်းလှည့်ကြည့်လာသည်။ ၎င်းက ဖန်းချောင်ကျိုးမှန်း မြင်သောအခါ ချက်ချင်းပင် ရွှေတောင်ပံငှက်နောက်၌ သွားပုန်းလိုက်၏။ မကြာခင်မှာပဲ သူ ခေါင်းလေးပြူထွက်လာပြန်သည်။

"ငှက်ရူးကောင်ကပြောတယ် မင်းနဲ့‌ရွှယ်သန်းရုံတို့ မနေ့ညက တစ်ညလုံးမအိပ်ကြဘူးဆို"

ဖန်းချောင်ကျိုး အကျီဝတ်နေသည့်လှုပ်ရှားမှုများ တန့်သွားပြီး ကြက်မြင်းဘက်သို့ ကြည့်လာသည်။

"ရွှေတောင်ပံငှက်က စကားပြောတတ်တယ်?"

"သူ ငါ့ကို စိတ်ထဲကနေ အသံပို့နိုင်တယ်"

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now