Chapter 27

1.4K 154 6
                                    

အပိုင်း-၂၇

မူရင်းပုံစံကို ပြန်ရထားတဲ့ လိကျူးဟာ ကြောင်လေးတစ်ကောင်နဲ့ သိပ်ကို တူလို့နေတယ်။
ကြောင်လေးလို မျက်လုံးဝိုင်းဝိုင်း နှာခေါင်းသေးသေး ပါးစပ်ပေါက်သေးသေးလေး
ဖခင်ဖြစ်သူ လိယိယဲ့ နဲ့ တစ်စက်ကလေးမှမတူပေ။

လိကျူး တစ်ယောက် အိပ်ယာပေါ်သို့ တွယ်တက်ကာ ဖန်းချောင်ကျိုး အား "ဟွန်း" ကနဲ နှာမှုတ်၍
သရော်လိုက်သည်။

"ဒီတစ်ခါတော့ ဆရာ ကျွန်တော့်လက်ထဲရောက်လာပြီ ဘယ်လိုအပြစ်ပေးရပါလိမ့်"

စကားပြောလို့ပြီးတာနဲ့ လိကျူး ဟာ သူ့ရဲ့ကြာပွတ်အရှည်ကြီးကို ရှာကြည့်လိုက်တယ်။
သို့ပေမယ့် ရှာကြည့်ပြီးမှသာ သူ အစောပိုင်းတုန်းက ရေချိုး အဝတ်လဲပြီးတဲ့နောက် ကြာပွတ်ကိုယူဖို့ မေ့ခဲ့မှန်း ပြန်သတိရသွားတယ်။

ကြာပွတ်မရှိသည့်အခါ လိကျုး တစ်ယောက် သိပ်ပြီး မပျော်တော့ပေ

လိကျူး ရဲ့ခါးနားမှာ ကြာပွတ်မရှိသည်ကို ဖန်းချောင်ကျိုး သတိထားမိမှ သက်ပြင်းချနိုင်တော့တယ်။
သူက အခုအားနည်းနေတာလေ အခုအချိန်သာ ဒီမိစ္ဆာပေါက်လေးက သူ့ကို ဆွဲဆောင်ချင်တယ်ဆို သူဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။

ဖန်ချောင်ကျိုး စိတ်သက်သာရာရပြီး သက်ပြင်းချနေပုံကို လိကျူး တစ်ယောက် အသေအချာကြီး မြင်သွားသလားတော့ မပြောတတ် မိစ္ဆာပေါက်လေးက ပိုပြီးတောင် မပျော်တော့ ကြောင်လေးက ဖန်းချောင်ကျိုး ရဲ့ မျက်လုံးကို အပေါ်အောက် ကြည့်လိုက်ကာ မကြာခင်မှာပဲ သူ့ရဲ့ လက်တစ်စုံကာ ဆွဲယူလိုက်တယ်။

ဒီတစ်ကြိမ်တော့ ဖန်းချောင်ကျိုးက သူ့ရဲ့ကိုယ်ပိုင် အဝတ်အစားတွေကို ဝတ်မထား။
လိယိယဲ့ ရဲ့ အကြိုက်တွေက သိသာလွန်းတယ်
နူးညံ့တဲ့ အလှတရားကို သဘောကျတယ်။
ဝတ်ဆင်ဖို့ အကောင်းဆုံးအဝတ်အစားတွေကတော့ နူးညံ့အိစက်တဲ့ ရှပ်အင်္ကျီ ပါးပါးလွှာလွှာလေးတွေပေါ့ ဖန်းချောင်ကျိုး ရဲ့ ခန္ဓာကိုယ်က အကောင်းဆုံးသော တိမ်စိုင်တွေနဲ့မြူနှင်းတွေ ပေါင်းစပ်ထားသလိုပဲ လက်တစ်ဖက်နဲ့ အသာအယာ မ လိုက်တယ်ဆိုရင်ပဲ အင်္ကျီလက်က အလိုလို ကျလာပြီး လက်မောင်းသားလေး ပေါ်လာလို့နေတယ်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now