Chapter 14

187 30 0
                                    

chapter - 14

စုန့်လျန်ရီက ဖန်ချောင်ကျိုးအားလှည့်မကြည့်ခင် ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေခဲ့ပြီးနောက် အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။

လီယီးရဲ့ မှော်အစီအရင်အစွမ်းက အတော်လေးအစွမ်းထက်သည်ဟုပြောရမည်။ ဖန်ချောင်ကျိုး၏ အသွင်အပြင်ပုံသဏ္ဍာန်မှာ ရွယ်သန်းရုံနှင့် ချွတ်စွတ်နီးပါးတူသည်။ သို့သော် မျက်လုံးများကိုတော့ပြောင်းလဲလို့မရနိုင်ပေ။

ဖီးနစ်ကဲ့သို့စူးရှသော ရွယ်သန်းရုံ၏မျက်လုံးတစ်စုံသည် ရေခဲတမျှအမြဲအေးစက်နေသည်။ လူအများကို မိုင်ပေါင်းများစွာ ဝေးကွာနေသလို ခံစားရစေသည့်အချိန်တွင် ဖန်ချောင်ကျိုး၏မျက်ဝန်းများမှာ နူးညံ့ကြင်နာမှုများလွှမ်းခြုံနေကာ ဒေါသအပူတစိုးတစိမျှမရှိသလိုပင်။

စုန့်လျန်ရီသည် ဒေါသကြီးသည့်အလှလေးများကိုသာ နှစ်သက်ပြီး ဖန်ချောင်ကျိုးလိုလူသည် ညှင်းပန်းနှိပ်စက်ရာတွင် ပျင်းစရာကောင်းသောကြောင့် ထိုလိုလူမျိုးကိုအမုန်းဆုံးဖြစ်သည်။

သို့သော် စုန့်လျန်ရီသည် ဖန်ချောင်ကျိုးကို ပြန်ပေးဆွဲလာခဲ့သည့်အတွက် လီယီးအား ရန်စလိုက်သလိုပင်။ သူသည်လီယီးကို မကြောက်သော်လည်း ယခုလုပ်ရပ်အတွက် ပြန်ပေးဆပ်ရမည်သာ။သို့သော် ခေါ်လာပြီးသည့်အတွက် တစ်ခုခုတော့ပြန်ရအောင်ယူရမည်ဖြစ်သည်။

ထိုအကြောင်းတွေးနေရင်း စုန့်လျန်ရီသည် ဖန်ချောင်ကျိုးဘက်သို့ပြန်လျှောက်လာပြီး သူ့အားဝတ်ရုံစမှ ကိုင်ကာ အကြမ်းပတမ်းဆွဲမလိုက်သည်။

"ဒီညကရှည်လျားမယ့်ပုံပဲ၊ ဖြည်းဖြည်းပဲသွားကြတာပေါ့"

စုန့်လျန်ရီက ဖန်ချောင်ကျိုးကိုအခန်းထဲသို့ ဆွဲခေါ်သွားရာ ဖန်ချောင်းကျိုးသည် အသံတိတ်မန္တန်ကြောင့် စကားမပြောနိုင်သဖြင့် သူပြောမည့်စကားများကြောင့် စိတ်ရှုပ်စရာမလိုတော့ဘဲ အနည်းငယ် ပိုအဆင်ပြေလာသည်။
စုန့်လျန်ရီသည် ဖန်ချောင်ကျိုးကို အခန်းအလယ်ရှိ လှပသည့် အိပ်ယာပေါ်သို့ဆွဲခေါ်လာပြီးနောက် တွန်းချလိုက်သည်။ ဖန်ချောင်ကျိုးမှာ အတင်းအကြပ်တွန်းလှဲခံရပြီး မကြာမီမှာပင် အဝတ်စများ ပွတ်တိုက်မိသံ ကြားလိုက်ရပြီးနောက် သူ၏ခြေထောက်နှင့်လက်များချည်နှောင်ခံထားရသည်ကိုတွေ့လိုက်ရသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now