Chapter 55
ဖန်းချောင်ကျိုး ".........."
လီကျူး၏ဦးနှောက်မကောင်းမှန်းသူသိသော်လည်း တဖက်လူ၏ဦးနှောက်ကထိုမျှဆိုးဝါးနေမယ်လို့ မထင်ထားခဲ့ပေ။
လီကျူးအသံကြောင့် နေရာပေါင်းစုံမှမျက်လုံးများက သူ့ထံကျရောက်လာသည်။ ဖန်းချောင်ကျိုးသည် ဖုံးကွယ်ရန်အလို့ငှာနောက်ပြန်ဆုတ်ပြီး သူ့ခေါင်းကိုခြုံထည်အောက်သို့ဝှက်လိုက်သည်။ ဆံခြည်တမျှင်မျှပင် မပေါ်စေဘဲ လုံးဝသေချင်ယောင်ဆောင်လိုက်သည်။ သို့သော်သူနောက်ပြန်ဆုတ်ပြီးမကြာခင်မှာပဲ လီကျူးအသံကိုထပ်ကြားလိုက်ရပြန်သည်။
"ကျွန်တော့ညီက ဘာလို့ပုန်းနေတာလဲအဖေ... သူကျွန်တော်တို့ကိုအသိမှတ်မပြုဘူးလား"
ထိုစကားထွက်လာပြီးနောက် သူ့နောက်ကျောရှိလက်က တင်းကြပ်သွားကြောင်းခံစားလိုက်ရသည်။
"ညီအကို..?"
ကျုံးလီယွဲ့ရွှေအသံက အမြဲလိုအေးစက်ပြီး လေသံကခက်ထန်နေတတ်သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ သူ့အသံကပုံမှန်ထက်ပိုအေးစက်နေခဲ့သည်။ ဖန်းချောင်ကျိုးအေးခဲသွားပြီး ငိုညည်းသံဖြင့် ပြောသည်။
"သူကရူးနေတာလေ ဆရာရဲ့ သူ့ခေါင်းထဲကပြသနာကိုမြင်နေရတာပဲ အဲ့လိုသာမဟုတ်ရင် ဆရာ့ကို ရုပ်ဆိုးတဲ့မကောင်းဆိုးဝါးလို့ သူဘယ်လိုပြောနိုင်ပါ့မလဲ"
ဖန်းချောင်ကျိုးမှ ကျုံးလီယွဲ့ရွှေကိုရှင်းပြနေစဉ် လီယိရယ် သူ့သားကိုအကြိမ်အနည်းငယ် မကြည့်ဘဲမနေနိုင်ခဲ့။ သူ့သားက သူ့အကြည့်များကိုခံစားမိပြီး နှုတ်ခမ်းကိုတွန့်ချိုးလိုက်သည်။"ကျွန်တော့်ကို ဘယ်လိုထင်လဲ အဖေ..?"
လီယိရယ်အမူယာက အနည်းငယ်ရှုပ်ထွေးနေပြီး အလေးနက်ထားအော်လိုက်သည်။
"သား..."
သားလို့ခေါ်ခံရပြီးနောက် လီကျူးအနည်းငယ်ထိတ်လန့်သွားသည်။ ပုံမှန်အားဖြင့် လီယိရယ်သည် သူ့နာမည်ကိုသာခေါ်လေ့ရှိသည်။
"အဖေ ဘာလုပ်နေတာလဲ ဖြစ်နိုင်ရင် ကျွန်တော့နာမည်ကိုပဲခေါ်စမ်းပါ သားလို့ခေါ်ခံရတာက အန်ချင်သလိုခံစားရတယ်"
လီယိရယ်သည် ဖန်းချောင်ကျိုး၏ အထိတ်တလန့်ဖြစ်နေမှုကိုလျစ်လျူရှုပြီး အလေးနက်ထားပြောလိုက်သည်။
"ယောကျာ်းတွေက ကလေးရနိုင်တယ်လို့ တကယ်ထင်နေတာလား"
ဒါကိုကြားပြီး လီကျူးမျက်လုံးများက ချက်ချင်းဆိုသလိုပြောင်းလဲသွားသည်။ သူ့အဖေကို မထီမဲ့မြင်မျက်လုံးများနှင့်ကြည့်ပြီး
"လူတိုင်းသိနေတာကို ဒါလေးတောင်မသိဘူးလား။ ယောက်ျားလေးတွေလည်း ကလေးရနိုင်တယ်။ လူကိုမယုံရင်တောင် စကားတွေကိုငှားယူလို့ရတယ်၊ ကြည့်..' အင်အားကြီးတဲ့လင်ပါသားကငါ့ကိုပျက်စီးစေတယ်' ဒါပေမယ့် ဖတ်လို့မပြီးသေးလို့ငါငှားလို့မရဘူး"
လီယိရယ်သည် သူ့မျက်နှာကို တဖက်လှည့်လိုက်ကာ အချိန်အတော်ကြာပြီးမှ စကားပြောနိုင်သည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy