Chapter 64

102 21 0
                                    

Chapter 64

ဖန်းချောင်ကျိုးက ဆေးပုလင်းကိုလက်လှမ်းပေးလိုက်ပြီး ရွှယ်သန်းရုံက ဆေးဘူးထဲက အဖြူ‌ရောင်ဆေးအဆီတချို့ကို လက်နဲ့ယူလိုက်သည်။

"‌ဆရာတူညီလေး ငါ့ကို လိမ်းဆေးတွေပေးလေ"

ဖန်းချောင်ကျိုးက လက်လှမ်းယူတာကိုရှောင်ပြီး ရွှယ်သန်းရုံက

"ကျွန်တော် ဆရာတူအစ်ကို့ကို ဆေးလိမ်းပေးမယ်လေ မင်းရဲ့ဝတ်ရုံကို ခနချွတ်ထားလိုက်"

သူ့လည်ပင်းဆီ ဆေးလိမ်းပေးရင်း ပြောလာသည်။

"မဟုတ်သေးဘူး ငါ ကိုယ်တိုင်လိမ်းပါ့မယ်"
"ဆရာက ငါတို့ ညီအစ်ကိုအချင်းချင်း ချစ်ချစ်ခင်ခင်နေသင့်တယ် တစ်‌ယောက်နဲ့တစ်ယောက်ကူညီပေးသင့်တယ်လို့ ဆုံးမထားတယ်လေ ငါက ဆေးဝါး‌ဖော်စပ်ရတာနဲ့ မအားလပ်ခဲ့လို့ တာဝန်မကျေခဲ့ဘူး"

ရွှယ်သန်းရုံက သူ့အနားကပ်လွန်းလာတာမို့ ဖန်းရှောင်ကျိုးမှာ သူ့အားထပ်ရှောင်နေရင်း ခုံပေါ်မှ ပြုတ်ကျတော့မလို ဖြစ်နေသည်။

"မင်း ဒီနေ့အတွက် ငါ့ကိုအများကြီးကူညီခဲ့ပြီးပါပြီ တုယွင်ရှီးဆီသွားပြီး အကူအညီလိုလား သွားမေးလေ"

"ဆရာတူအစ်ကိုက ကျွန်တော့်ကိုနှင်ထုတ်နေတာလား အဆင်ပြေတယ်ဆိုရင် ကျွန်တော် အကိုကြီးအတွက် ဆေးလိမ်းပေးချင်ပါတယ် တကယ်လို့ အကိုကြီးအတွက် ကျွန်တော်က အဆင်မပြေဖြစ်စေတယ်ဆိုရင် ကျွန်တော်ကငါးယောက်မြောက်အစ်ကိုဆီသွားတော့လည်း ကျွန်တော်ကသူ့အတွက်လည်း ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ"

"သူက ဘာလို့မင်းလာတာကိုမကြိုက်ရမှာလဲ သူမင်းကိုတွေ့ရင် ပျော်တောင်ပျော်နေအုံးမှာ"

"အမ် သူက ဘာလို့ ပျော်မှာလဲ"

ရွှယ်သန်းရုံကရုတ်တရက်မေးလိုက်တယ်။ ဖန်းချောင်ကျိုး သူ စကားမှားသွား‌ကြောင်းသိသွားသည်။

... တုယွင်ရှီးက မင်းကိုကြိုက်နေတာလို့ပြောပြလိုက်ရင်လည်း ရွှယ်သန်းရုံက တုယွင်ရှီးနဲ့အနေဝေးသွားနိုင်သည်လေ...
"လူတိုင်း အကူအညီပေးခံရတဲ့အခါ နှစ်သက်တယ်လေ ငါ အဲ့ဒါကို ဆိုလိုတာ"

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီTempat cerita menjadi hidup. Temukan sekarang