"ဒါကပြောင်းလဲဦးမှာလား"
ဖန်ချောင်ကျိုးသည်မတတ်နိုင်စွာပင် သူ့လက်ကိုမြှောက်ထားရင်း ကောင်းကင်သို့ ကြည့်နေလိုက်သည်။
ရွယ်သန်းရုံ၏အကြည့်မှာ ဖန်ချောင်ကျိုး၏ ညာလက်ပေါ်ရှိ သွားရာတွင်သာရှိနေပြီး ထိုအရာမှာ တိရစ္ဆာန်၏ သွားရာမျိုးမဟုတ်ဘဲ လူ၏ သွားရာမှန်း ထင်ရှားလှသည်။
ဖန်ချောင်ကျိုးက သူကြာကြာရပ်နေလေ ပိုအေးစက်လာသည်ကို ခံစားရလေဖြစ်၍ တည်းခိုဆောင်ထဲ အမြန်ဝင်ပြီနောက် ရွယ်သန်းရုံအားပြောလိုက်သည်။
"ဆရာတူလေး တံခါးလာဖွင့်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။ အခန်းပြန်ပြီး နားတော့လေ"
"အစ်ကိုကြီး ဘယ်ကပြန်လာတာလဲ"
ရွယ်သန်းရုံကကျောချမ်းစရာကောင်းသည့်အသံနှင့်မေးသည်။ဖန်ချောင်ကျိုးလည်းတံခါးပိတ်ရင်းပြန်ဖြေသည်။
"အပျော်ဂေဟာ"
ဖြေပြီးနောက် ခနရပ်ကာဆက်ပြောသည်။
"အိုး.....မေ့လို့ အဲ့တာဘယ်မှာမှန်းမင်းမသိဘူးမလား"
ဖန်ချောင်ကျိုးသည် အမှုမဲ့အမှတ်မဲ့ပြောပြလိုက်သော်လည်း ရွယ်သန်းရုံလို သူများအကြောင်း စိတ်မဝင်စားသည့်သူက သူဘယ်သွားခဲ့သည်ကို မေးလာမည်ဟုမထင်ခဲ့ပေ။
"အပျော်ဂေဟာ....အဲ့တာဘယ်လိုနေရာလဲ"
ဖန်ချောင်ကျိုးသည် အနည်းငယ်တွေဝေနေသည်။
"သောက်စားပျော်ပါးလို့ရတဲ့နေရာ"
"ဒုတိယအစ်ကိုကြီး"
ရွယ်သန်းရုံ၏အသံမှာရုတ်တရက်ကြီးပြောင်းလဲသွား၏။
"ဆရာက သောက်စားပျော်ပါးနေမယ့်အစား တောင်အောက်ဆင်းပြီး အတွေ့အကြုံအသစ်တွေ ရှာဖို့ပြောလိုက်တယ်လေ၊ အစ်ကိုကြီးက ဒီလိုဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်ဆရာ့ကိုပြောရလိမ့်မယ်။"
ဖန်ချောင်ကျိုးသည် ရွယ်သန်း၏စိမ်းကားနေပုံကိုလှည့်ကြည့်ကာ သူရွယ်သန်းရုံအပေါ် ဘာအမှားလုပ်မိမှန်း မသိသော်လည်း အလွန်ဒေါသထွက်နေသည့်ပုံရတာကြောင့် အလျင်အမြန်ပဲတောင်းပန်လိုက်လေသည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy