chapter 23
မှော်ဆေးလုံးသုံးလုံးလောက်စားပြီးသည့်အခါ ဖန်ချောင်ကျိုးသည်ရုတ်တရက်တစ်ဖန် တွေးမိပြန်သည်။
* သူ့ကိုလီယီးပေးတဲ့သေတ္တာထဲမှာ ကျောက်စိမ်းချောင်းပါလာခဲ့ရင်တောင် သူကဘာလို့စိတ်အနှောင့်အယှက်ဖြစ်နေရမှာလဲ*
သူသေတ္တာကိုဖွင့်မကြည့်ဘဲ မနက်ဖြန်ကျ လွှတ်ပစ်လိုက်ရင်ရတာပဲကို*
ထိုသို့တွေးရင်း ဖန်ချောင်ကျိုးသည် သေတ္တာကို
ကုတင်အောက်ချထားကာ တုယွင်ရှီးပေးသည့် ကျောက်စိမ်းဆေးပုလင်းကိုတော့ ခေါင်းအုံးအိပ်တွင်ကြုံသလိုထားလိုက်ပြီး ပြန်လှဲအိပ်တော့သည်။*တုယွင်ရှီးပေးတဲ့ဆေးကတော်တော်ကိုစားလို့ကောင်းတာပဲ မနက်အိပ်ရာနိုးရင်နောက်တစ်လုံးလောက်ထပ်စားဦးမယ်*
ဖန်ချောင်ကျိုးသည်အိပ်နေရင်းနှင့် မယုံနိုင်လောက်အောင်ပင်ကိုယ်တွင်း အပူချိန်တိုးလာသည်ကိုခံစားရ၍ဆက်မအိပ်နိုင်တော့ပေ။ ထို့ကြောင့်ရုတ်တရက်မျက်လုံးများပြန်ပွင့်လာပြီး အပေါ်သို့စိုက်ကြည့်နေပြီးနောက် ခနအကြာတွင် စောင်ကိုမကာအောက်သို့ငုံ့ကြည့်မိသည်
စောင်ခြုံထားသည်မို့မှောင်နေကာသေချာမမြင်ရသော်လည်း သူ၏အရာထောင်မတ်လာသည်ကို ခံစားနေရသည်ယခုအချိန်တွင်ထူးထူးဆန်းဆန်းခံစားနေရသည့်တိုင် ဖန်ချောင်ကျိုးသည်ယောကျ်ားတစ်ယောက်ဖြစ်သဖြင့် များများစားစားတွေးမနေပေ။ သူသည်ခေါင်းမော့ကာခန်းဆီးပေါ်မှရုပ်ပုံများကိုကြည့်မိသည်။ ပတ်ဝန်းကျင်မှာလည်းငြိမ်သက်နေသည်မို့ သူ၏လက်သည်စောင်အောက်သို့မြွေတစ်ကောင်အလားတိုးဝင်သွားတော့သည်။
*အမှန်အတိုင်းပြောရရင် စိတ်လှုပ်ရှားဖွယ်သည်းထိတ်ရင်ဖိုပဲ*
ဖန်ချောင်ကျိုးသည်ထိုသို့တွေးမိတွေးရာ စဥ်းစားမိ၏
အမွှေးတိုင်တစ်ချောင်းစာကုန်ပြီးနောက် ဖန်ချောင်ကျိုးမှာငိုချင်လာတော့သည်။
*စိတ်လှုပ်ရှားလွန်းလို့ မထုတ်လွှတ်နိုင်ဘူး*
ထို့နောက်အပူမှာစတင်ပျံ့နှံ့လာကာ နည်းနည်းချင်းမှ တစ်ကိုယ်လုံးအနှံ့ပူလောင်လာတော့သည်။ ဖန်ချောက်ကျိုးသည် သူ့ကိုယ်သူမီးဖိုပေါ်မှာအကင်ခံနေရသည့်ငါးတစ်ကောင်အလားခံစားမိပြီးအိပ်မရချေ။
ဖန်ချေညင်ကျိုးသည် မျက်ရည်မကျပဲငိုကျွေးတော့မည့်အချိန်တွင် ရုတ်တရက်ခန်းဆီးအကာဘက်မှရွယ်သန်းရုံ၏အသံထွက်လာသည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy