Chatper 25
ရေကန်ထဲတွင်ရေများလှုပ်ရှားသွားသဖြင့်အသံထွက်လာ၏။
ဖန်ချောင်ကျိုးသည် ရွယ်သန်းရုံသူ့အားရုတ်တရက်လှမ်းဆွဲမည်ဟုမထင်ထားခဲ့ပေ။ သူဟန်ချက်ပျက်သွားကာတစ်ဖက်သူ၏ကိုယ်ပေါ် လုံးလုံးလျားလျား ပြုတ်ကျသွားတော့သည်။ သူ့လက်ထဲမှ မီးအိမ်မှာလည်းရေထဲကျသွားသဖြင့် "ပလုံ"ဟူသောအသံနှစ်ခုသာကြားလိုက်ရသည်။
ပတ်ဝန်းကျင်မှာရုတ်ချည်းမှောင်မိုက်သွားရသည်။
ဖန်ချောင်ကျိုးသည် ရွယ်သန်းရုံ၏ကိုယ်ပေါ်တွင်ဒူးထောက်ရက်သားထိုင်မိသွားကာ လက်တစ်ဖက်ကရွယ်သန်းရုံ၏ခြေထောက်ပေါ်ထောက်မိကာ ကျန်တစ်ဖက်ကရေထဲသို့ထောက်မိသဖြင့် အအေးဓာတ်ကိုတဆက်တည်းခံစားလိုက်ရ၏။
သူသည်အသက်ပြင်းပြင်းရှူလိုက်မိပြီး အမြန်ပင်မတ်တပ်ထရပ်ရန်ကြိုးစားလိုက်သော်လည်း သူ့လက်မောင်းကိုဆုပ်ကိုင်ထားသည့်လက်မှာ လက်မောင်းမှတစ်ဆင့်သူ၏ခါးဆီကူးပြောင်းသွား၏။ ခါးပေါ်မှလက်သည် ပိုမိုတင်းကျပ်လာကာ သု့အားထမရနိုင်ဖြစ်ရ၏။
"ဆရာတူညီလေး မင်းဘာဖြစ်လို့လဲ"ဖန်ချောင်ကျိုးသည် သွားများပင်တဆတ်ဆတ်တုန်နေကာ အအေးဓာတ်ကိုအံတုပြီးပြောလိုက်၏။
ကျီချွင်းကျိုးသည်ညအချိန်တွင်ပို၍အေးသည့်အတွက်ရေခဲကန်ထဲမှအအေးဓာတ်ကပိုများ၏။ထိုကောင်လေးမှာသူပြောတာကိုမကြားချင်ယောင်ဆောင်နေသလိုပင် သူ့ကိုသာတည့်တည့်စိုက်ကြည့်နေပြီး သူ့နှလုံးသားလေးဗြောင်းဆန်နေရသည်ကိုထိုင်ကြည့်နေသလိုပင်
ညမှာလေပြင်းရသည့်ကြားထဲတွင် သူ့ရှေ့မှကောင်လေးဟာ ဆရာတူညီလေးမှဟုတ်ပါရဲ့လား
ကျင့်ကြံရေးလောကရဲ့တစ္ဆေဝိဉာဏ်များလား
ထိုသို့ဖြစ်နိုင်ချေများကိုစဥ်းစားရင်း ဖန်ချောင်ကျိုးသည်လက်ကိုဆန့်ထုတ်ကာ ရွယ်သန်းရုံ၏လည်ပင်းရှိသွေးလွှတ်ကြောမှ သွေးခုန်နှုန်းကိုစမ်းသပ်ကြည့်လိုက်၏။ ယခုလိုအေးခဲနေသည့်ရာသီဥတုမျိုးတွင် သူသည်သွေးစီးဆင်းမှုမြန်မမြန်ကိုသာစမ်းကြည့်ရန်တတ်နိုင်၏။
ESTÁS LEYENDO
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasíaဘာသာပြန် by Legacy