chapter 85

1K 127 3
                                    

Heartthrob - 85

ဖန်းချောင်ကျိုး ရွှယ်သန်းရုံ၏ အကျီကိုဆွဲချွတ်နေစဉ် ရွှယ်သန်းရုံက ဖန်းချောင်ကျိုးအား ကြည့်နေ၏။ သူ့အကြည့်များက ပထမ ခြေကျင်းဝတ်ပေါ်ရှိ ရွှေခေါင်းလောင်းတွင် ရှိနေပြီးနောက် သူ့ မျက်တောင်ရှည်များ လှုပ်ခတ်သွားပြီသည့်အခါ ဖန်းချောင်ကျိုးမျက်နှာပေါ် အကြည့်ရောက်သွားသည်။

သူ့အကြည့်များက တစ်လက်မချင်း တစ်လက်မချင်း ရွှေ့သွားပြီးနောက် အဆုံးတွင် ဖန်းချောင်ကျိုး၏ လည်တိုင်ပေါ် ကျရောက်သွား၏။

ကံမကောင်းစွာပင် မှိန်ဖျဖျအလင်းရောင်ကြောင့် ဖန်းချောင်ကျိုး၏လည်တိုင်မှာ အရိပ်ကျလို့နေပြီး ရှင်းရှင်းလင်းလင်းမြင်နိုင်ရန်ခက်သည်။

သို့သော် ထိုအခိုက်တွင်ဖန်းချောင်ကျိုးမှာ ရွှယ်သန်းရုံ၏အကျီကိုဆွဲမဖွင့်နိုင်သဖြင့် စိတ်ရှုပ်နေပြီး ကိုယ်ကို ငုံ့ကိုင်းကာ လက်နှစ်ဖက်ဖြင့် ဆွဲ၍ချွတ်သည်။
ထိုသို့ငုံ့ချလိုက်သောအခါ လည်တိုင်ရှိအရိပ်က ပျောက်ပြယ်သွားသည်။ ထိုအခါတွင် ရွှယ်သန်းရုံမှာ ဖန်းချောင်ကျိုး၏ လည်စလုပ်ဘေးရှိ မှဲ့သေးသေးလေးကို မြင်လိုက်ရလေသည်။
ဖန်းချောင်ကျိုးက မျက်နှာကိုသာ ပြောင်းထားခြင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်ကိုမူ ဘာမှမပြောင်းထားပေ။ ထိုသို့သော မှဲ့သေးသေးလေးများကို သူ ဂရုပင်မစိုက်မိ။

ထိုရှင်းလင်းစွာမြင်လိုက်ရသောအခိုက်တွင် ရွှယ်သန်းရုံမှာ တကိုယ်လုံး တောင့်ခဲသွားရပြီး ထိုမှဲ့လေးကို ငေးကြည့်နေမိတော့သည်။
သူ ထိုမှဲ့ကို အထင်အရှားမြင်လိုက်ရရုံသာမက တစ်ဖက်လူ၏ခန္ဓာကိုယ်မှ သစ်သီးနံ့လေးများလည်း ရလိုက်သည်။ သည့်မတိုင်ခင်တွင် သူ လူတစ်ယောက်တည်းဆီကသာ ထိုရနံ့မျိုး ရဖူးခဲ့၏။ ထိုလူက သစ်သီးစားရသည်ကိုကြိုက်သည်၊ ထို့ကြောင့် သူ့ထံတွင် အမြဲသစ်သီးရနံ့လေးများရှိနေ၏။ လက်များ၊ အကျီလက်ဝများ၊ အကျီအိတ်များ... နေရာတိုင်းတွင်။
ရွှယ်သန်းရုံ၏မျက်ဝန်းများ ဖြည်းဖြည်းချင်း နီမြန်းလာသည်။ သူ သူ့ရှေ့ရှိလူကို အကြည့်မလွှဲတမ်းစိုက်ကြည့်နေမိသည်။ ထို့ကြောင့် သူ့အကျီများကို ဆွဲမချွတ်နိုင်သော ဖန်းချောင်ကျိုးက ခေါင်းထောင်လာသည်။ ထိုမျက်ဝန်းများနှင့်ဆုံသောအခါ သူ ကြောင်အသွား၏။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now