အပိုင်း ၆၉
ရွှယ်သန်းရုံက ဖန်းချောင်ကျိုးကိုကူပြီး သူ့လက်ပေါ်ကသွေးတွေကိုသုတ်ပေးလိုက်သည်။ သုတ်ပြီးသွားတော့ သူ့လက်တွေကိုဆန့်ထုတ်လိုက်ပြီး ဖန်းချောင်ကျိုးရဲ့ဘယ်ဘက်ခြေထောက်က ဘောင်းဘီစကိုဆွဲတင်လိုက်သည်။ သို့သော်ဘောင်းဘီစက အပေါ်တက်မသွားခင်မှာပဲ ဖန်းချောင်ကျိုးကအလျင်အမြန်သူ့လက်တွေကိုကိုင်ပြီးတားဆီးလိုက်သည်။
"ညီလေး ငါကမြွေကိုက်တာပဲခံလိုက်ရတာပါ အဆိပ်ဖြေဆေးကိုလည်းသုံးပြီး သွေးတွေကိုလည်းညှစ်ထုတ်ထားတာပဲဟာ ထပ်ကြည့်ဖို့မလိုတော့ပါဘူး"
ဂူထဲမှာရှိတဲ့အလင်းရောင်ကအရမ်းတောက်ပမနေ။ ရွှယ်သန်းရုံက သူ့ရဲ့မျက်လုံးတွေကိုငိုက်စင်းလိုက်ပြီး သူ့ရဲ့မျက်တောင်မွေးရှည်ရှည်တို့မှာ ကြယ်တွေဆီကနေအလင်းပြန်ဟပ်နေတဲ့ ရေကန်ဘေးက မြက်ပင်ရှည်ရှည်တို့နှင့်တူနေကာ ဘာစကားမှမပြောပေမယ့် သူ့လက်တွေကိုတော့ပြန်ရုတ်သိမ်းလိုက်သည်။
"မျက်နှာဖြူလေး ခေါင်းနှစ်လုံးမြွေရဲ့အဆိပ်ကိုလျှော့မတွက်နဲ့နော် အဆိပ်ကပြင်းနေနိုင်တယ် မင်းဒီအချောကြီးကိုကြည့်ခိုင်းသင့်တယ်"
ကြက်က ရွှယ်သန်းရုံကိုခေါ်လိုက်တဲ့ အချောကြီးဆိုတာကိုဖန်းချောင်ကျိုးကြားပြီးနောက် မအောင့်နိုင်ပဲရွှယ်သန်းရုံရဲ့မျက်နှာထားကိုကြည့်လိုက်မိသည်။
အသေအချာပင် ရွှယ်သန်းရုံရဲ့မျက်နှာက သိသိသာသာပင်ရုပ်ဆိုးသွားသည်။ ဇာတ်ဆောင်ရဲ့"ပရိတ်သတ်တွေ"မှာတူညီတဲ့ပြဿနာတစ်ခုရှိနေလောက်သည်။ ဒါပဲနေမှာ ရွှယ်သန်းရုံကသူ့ရုပ်ရည်နဲ့ပတ်သတ်ပြီး တခြားသူကမြှောက်ပင့်ပြောဆိုတာကိုမကြိုက်ဘူး။
ရွှယ်သန်းရုံရဲ့မျက်နှာထားပျက်ယွင်းသွားတာကို ကြက်ကမသိချေ။ ဒါကြောင့်ပဲမှီချလိုက်ပြီး တိုက်တွန်းလိုက်သည်။
"မြန်မြန်လုပ်လေ မင်းဘောင်းဘီကိုဆွဲတင်လိုက် မင်းတို့တွေကယောက်ျားလေးတွေပဲကို နောက်ပြီးမင်းတို့ကတစ်မိသားစုထဲကပဲလေ ဘာတွေရှက်နေတာလဲ"
ESTÁS LEYENDO
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasíaဘာသာပြန် by Legacy