Chapter 49

137 29 0
                                    

Chapter 49

ဖန်ချောင်‌ကျိုးက သက်တောင့်သက်သာဖြစ်စွာပင် အိပ်မောကျသွားလေသည်။သူ၏မျက်နှာတွင် ယားယံလာမှုကိုမခံစားရပါက သူ၏မျက်လုံးလဲဖွင့်မည်မဟုတ်ပေ။

အယ်??

ဒီနေရာမှာ ကြောင်က ဘယ်လိုရှိနေတာလဲ
ဒီကြောင်ကိုတော့ နည်းနည်းရင်းနှီးနေသလိုပဲ

"တုပိုင်!!!!"

ပြီးတော့ တုပိုင်က ကြီးလာတယ်လို့ သူဘယ်လိုလုပ် ခံစားမိနေတာလဲ။

"မြောင်.."

ထိုကြောင်က ချွဲ့ချွဲ့နွဲ့နွဲ့ အသံဖြင့် အော်လာပြီး ၎င်း၏ခေါင်းဖြင့် ဖန်ချောင်ကျိူး၏မျက်နှာအားပွတ်တိုက်လာသည်။ခဏလောက် အပွတ်တိုက်ခံလိုက်ရသောအခါ ဖန်ချောင်ကျိုးက လက်ကိုဆန့်ထုတ်လိုက်ပြီး ၎င်း၏ခေါင်းအားထိလိုက်သည်။ထိလိုက်ရုံရှိသေး သူတကယ်အံ့ဩသွားသည်။

ဘယ်လိုဖြစ်လို့ သူ့လက်တွေက အလွန်သေးကွေးနေတာလဲ???

"နိုးပြီလား"

အံ့ဩလို့မဆုံးသေး အနီးအနားက အသံတစ်ခုက ဖန်ချောင်ကျိုး၏အတွေးများကိုပျက်စီးစေသည်။

ဖန်ချောင်ကျိုးက လှည့်လည်ကြည့်လိုက်ပြီး သူ၏ကုတင်နှင့်မဝေးသော ထိုင်ခုံတစ်ခု၌ထိုင်နေသော ကျောင်းလီယွဲ့ချွေအားတွေ့ရသည်။

ကျောင်းလီယွဲ့ချွေက ထလိုက်ပြီး သူ၏ကုတင်နားသို့ လာလေသည်။
ထိုသူ၏ရောက်ရှိမှာကြောင့် ဖန်ချောင်ကျိုး မူးဝေသွားရသည်။

ဖန်ချောင်ကျိုး..ငါမင်းကို မှော်ရုပ်သေးရုပ်ထဲ ချိတ်ပိတ်ထားတယ်။အားလုံးက မင်းနဲ့ ရွှယ်သန်းရုံကောင်းဖို့အတွက်ဘဲ။သူက အစကထဲက မြွေဆိပ်မိနေပါတယ်ဆို မြောက်ပိုင်းမှာလဲ သားရိုင်းတစ်ကောင်က ကိုက်လိုက်ပြန်တယ်။အဲ့ဒီ သားရိုင်းက နတ်ဆိုးသားရဲ လို့ခေါ်ပြီး အဲ့ဒီ ကိုက်ရာကြောင့် သူရဲ့ နှလုံးထဲ နတ်ဆိုးအငွေ့အသက် လွှမ်းမိုးသွားလိမ့်မယ်။ဒါပေမဲ့ အဲ့တာက တစ်ညထဲအကုန်ဖြစ်သွားမှာမဟုတ်လို့ သူ့ရဲ့နှလုံးထဲ နတ်ဆိုး အငွေ့အသက် မလွှမ်းမိုးခင် မင်းကို ချိတ်ပိတ်လိုက်တာ။မင်းက ရုပ်သေးရုပ်ထဲ ရောက်နေတော့ မင်းမှာ ကျင့်ကြံဆင့်မရှိတော့ဘူး။နီညိုရောင် တိမ်တိုက်မြွေ အဆိပ်က ကျင့်ကြံသူတွေအပေါ်ပဲ သက်ရောက်တာလေ။ဆိုတော့ ရွှယ်သန်းရုံရဲ့ မင်းအပေါ် လွှမ်းမိုးနေတဲ့စိတ် နည်းပါးသွားလိမ့်မယ်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now