အခန်း ( ၃ )

2.4K 384 1
                                    

#Unicode

အမှန်တရား၏ဥပဒေသခြောက်ရပ်

ပြတင်းပေါက်အပြင်ဘက်မှ ဖြူဖတ်ဖြူရော်မျက်နှာနှင့်လူရွယ်တစ်ယောက်ကြောင့် အပြင်ကို ပိုင်ရှောင်ချန်း လှမ်းကြည့်မိလိုက်သည်။

"မင်းမဟုတ်လားကွ...ငါ့နေရာကို ဝင်ယူသွားတာ...'' ဟု ထိုသူက ဒေါသတကြီးနှင့် အော်ဟစ်သည်။

ရှောင်ချန်းသည် ပြတင်းပေါက်အကွယ်သို့ ပြန်ဝင်ပုန်းခိုရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားသည်။ ထို့ကြောင့် ဘာမှမသိသလို အပြစ်ကင်းသည့် မျက်နှာမျိုး ချက်ချင်းပြင်လိုက်ရရင်း
"ဗျာ... ကျွန်တော်မဟုတ်ပါဘူး...''

"လူလိမ်...မင်းက တော်တော်လေးပိန်ပြီး ပုကပုသေးတယ်။ အဲ့တော့ လူသစ်က မင်းဆိုတာကျိန်းသေတယ်...'' ရွှီပေါက်ချိုင်က လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ ပိုင်ရှောင်ချန်းကို ဒေါသတကြီးစိုက်ကြည့်ရင်း ပြောသည်။ ရွှီပေါင်ချိုင်မှာ လွန်စွာဒေါသထွက်နေသောကြောင့် ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးကဲ့သို့ဖြစ်နေသည်။

နည်းနည်းတော့မှားနေပြီဟု ရှောင်ချန်းက တွေးရင်း ပြတင်းပေါက်အကွယ်လေးမှ ချောင်းကြည့်လိုက်သည်။

"ကျွန်တော် တကယ်ကို ဘာမှမလုပ်ထားပါဘူးဗျာ ''

"ဟေ့ကောင်...မလိုချင်ဘူး...သောက်ဂရုလည်းမစိုက်ဘူး။ သုံးရက်မြောက်နေ့ကျရင် ဂိုဏ်းတောင်ဘက်က တောင်စောင်းမှာ မင်းနဲ့ငါနဲ့ တစ်ယောက် မသေမချင်း တိုက်ခိုက်ကြမယ်။ မင်းနိုင်ရင် ငါ့နေရာကို ယူလိုက်ပေါ့ကွာ။ အေး...ရှုံးခဲ့ရင်တော့ ငါ့နေရာကို မင်းပြန်ပေးရမယ်...''

ရွှီပေါက်ချိုင်က သူဝတ်ရုံထဲမှ သတိပေးစာကို ဆွဲထုတ်လိုက်ပြီး ရှောင်ချန်းပုန်းနေသော ပြတင်းပေါက်ထဲသို့ ပစ်ပေးလိုက်သည်။ သတိပေးစာထဲတွင် သေစမ်း ဆိုသော စကားလုံးကို အရွယ်မျိုးစုံနှင့် မရေမတွက်နိုင်အောင်ပင် စာရွက်အပြည့် သွေးဖြင့် ရေးထားသည်။

ရှောင်ချန်းသည် သေစမ်း ဟုရေးထားသောစာလုံးများကို သူ့ကို သတ်တော့မည့် ဓားများဟု မြင်နေမိသည်။ ထို့နောက် မသေမချင်း တိုက်ရအောင် ဟူသော စကားလုံးကိုသာ နားထဲတွင် ထပ်တလဲလဲကြားယောင်နေမိသဖြင့် ပင့်သက်ရှိုက်လိုက်သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now