အခန်း(၉၄)

1.2K 183 10
                                    

အခန်း ( ၉၄ )

ဂိုဏ်းတူဦးလေးပိုင်၊ ကျုပ်တို့က ခင်ဗျားဘက်ကလေ...

"ဒီဘက်ခေတ်လက်ရွေးစင်တိုက်ပွဲတွေကတော့ဗျာ ... အိမ်း..." ပွဲကြည့်စင်ပေါ်မှနေ၍ ဂိုဏ်းခေါင်းဆောင်ကျိန်းယွမ်သုန်သည် ခေါင်းကို အားကိုးရာမဲ့ခါရမ်းလိုက်ပြီး ဆိုသည်။ သူ၏ဘေးပတ်လည်ရှိဂိုဏ်းချုပ်    များသည် ခပ်ယဲ့ယဲ့ပြုံးလိုက်ကြသည်။

လက်ရွေးစင်တိုက်ပွဲများသည် ဂုဏ်သိက္ခာရှိသော တိုက်ပွဲများဖြစ်ရမည်မှန်သော်လည်း ယခုအခါတွင်မူ ထိုကဲ့သို့ ဖြစ်မလာခဲ့ပေ။ ပြိုင်ပွဲစတင်စဥ်က အခြေအနေအားလုံးပုံမှန်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းကိုပြိုင်ပွဲအတွင်းသို့ ထည့်လိုက်ခြင်းတစ်ခုတည်းကပင် အရာအားလုံးကို ကမောက်ကမဖြစ်သွားစေလေသည်။

"ပိုင်ရှောင်ချန်း... နာမည်ကခေါ်လို့တော့အကောင်းသားကွ...ဒါပေမယ့်  နည်းနည်းတောင် အရှက်မရှိဘူး " အကြီးအကဲကျိုးသည် စိတ်ပျက်စွာရယ်လိုက်ပြီး လူအုပ်ကြားမှပိုင်ရှောင်ချန်းကို ကြည့်လိုက်ကာ တဖန်ဒေါသထွက်နေသော မြောက်ဘက်ဂိုဏ်းသားများဘက်သို့ ကြည့်နေလေ၏။

ထိုအချိန်တွင် ယန်ဝေ့တောင်  မှ ဂိုဏ်းချုပ်အဘွားကြီးသည် တိတ်တဆိတ်ပြုံးလိုက်ပြီး "ထားလိုက်ပါ။ ပိုင်ရှောင်ချန်းဟာ ခပ်ဆိုးဆိုး၊ ခပ်နောက်နောက်ဖြစ်ရင်ဖြစ်မယ်။ သူ့ကိုယ်သူတော့ မြောက်ဘက်ဂိုဏ်းတစ်ခုလုံးရဲ့ ချဥ်ဖတ်ဖြစ်အောင်လုပ်နိုင်ခဲ့တာပဲ...။ ဒီတော့ ငါတို့လုပ်ရမှာက သူ့ကိုမြောက်ဘက်ဂိုဏ်းကိုရောက်အောင် နည်းလမ်းရှာပြီးပို့ဖို့ပဲ...။ ဒီလိုဆိုရင်တော့ သူနည်းနည်းလိမ္မာလာလိမ့်မပေါ့..."

အခြားအကြီးအကဲများ၏ မျက်လုံးများအရောင်လက်သွားလေ၏။ လီချင်းဟောက်တစ်ယောက်သာအခြားသူများနှင့်မတူ၊ အဘွားအိုကြီးကို ဂရုဏာသက်စွာကြည့်နေလေသည်။ ပိုင်ရှောင်ချန်းအကြောင်းကို သူကောင်းကောင်းသိသည်ဖြစ်သောကြောင့် အကယ်၍ပိုင်ရှောင်ချန်းတစ်ယောက်သာ မြောက်ဘက်အုပ်စုသို့ ပြောင်းရွေ့ခြင်းခံရပါမူ ကံဆိုးသူမောင်ရှင်က ပိုင်ရှောင်ချန်းမဟုတ်မည်မှာသေချာသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Tahanan ng mga kuwento. Tumuklas ngayon