ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၈၄ )
လက်ဖျားခါလောက်သည့် အမြန်နှုန်းဒေါသတကြီး အော်ဟစ်သံ.ကြောင့် ပိုင်ရှောင်ချန်းမှာ ထိတ်လန့်သွားပြီး လေထဲသို့ပင် ထခုန်မိတော့သည်။ နောက်သို့လှည့်ကြည့်လိုက်ပြီး အကြီးအကဲကျိုးက သူ့ဆီသို့ ရန်လိုသောအမူအရာဖြင့် အပြေးလာနေသည်ကို မြင်လိုက်ရသောအခါ သူမျက်လုံးပြူးသွားပြီး ကြောက်လန့်လွန်း၍ သတိမေ့မျောလုမတတ်ဖြစ်သွားသည်။
အကြီးအကဲကျိုးမှာ သတ်ဖြတ်လိုသော အငွေ့အသက်များ တထောင်းထောင်းထနေသည့် မိစ္ဆာကောင်ကြီးနှင့်တူနေတော့သည်။ သူက ပိုင်ရှောင်ချန်းကိုအသေသတ်မည်ဟု အော်ဟစ်နေခြင်းမဟုတ်ပဲ သူ၏ဖီးနစ်ငှက်ကဲ့သို့ ပြန်ခံစားရအောင်လုပ်မည်ဟုသာ အော်လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ထိုဖီးနစ်ငှက်က မွှေးရနံ့တိမ်တောင်ပေါ်ရှိ အခြားငှက်များကို တစ်ရက်တာတိတိ လိုက်လံခုန်အုပ်ခဲ့ပြီးနောက် ဖြစ်သွားသည့်အရာကို ပိုင်ရှောင်ချန်းက ကောင်းကောင်းကြီးသိသည်။ ထိုအဖြစ်အပျက်ကို တွေးကြည့်ရုံနှင့်ပင် သူ၏ ကြက်သီးမွှေးညင်းများမှ ထလာတော့သည်။
ထိုဖီးနစ်ငှက် နေရာမှာ သူဆိုလျှင် မည်သို့များဖြစ်နေမည်နည်းဟု တွေးကြောက်ကာ မျက်လုံးများပြူးနေတော့သည်။ တုန်တုန်ရီရီနှင့် သူကရှေ့သို့ကြည့်ကာ အရှိန်တင်ပြေးလေတော့သည်။
သူက သူရဲဘောကြောင်သူတစ်ယောက်မဟုတ်ပေ။ သေရမည်ကို ကြောက်ခြင်းသာဖြစ်သည်။ သို့သော်လည်း ယခုအရာများ ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ ထို့အပြင် ဤကမ္ဘာပေါ်တွင် သေခြင်းတရားထက် ပို၍ကြောက်စရာကောင်းသည်များ ရှိသေးသည်မဟုတ်ပါလော။ ဥပမာအားဖြင့် ဖီးနစ်ငှက်တစ်ကောင် အသွင်ပြောင်းလဲခံရခြင်း ကဲ့သို့အရာများပင်....
ထိုအကြောင်းကိုတွေးမိလိုက်သောအခါ ပိုင်ရှောင်ချန်းမှာ မနေနိုင်တော့ဘဲ ငယ်သံပါအောင် အော်ဟစ်နေတော့သည်။
" ဂိုဏ်းတူအစ်ကိုကြီး... ကျုပ်ကို ကယ်ပါအုံးဗျာ။ ငှက်တစ်ကောင်ပုံစံတော့ အပြောင်းမခံချင်ဘူး "

ESTÁS LEYENDO
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
De TodoUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...