အခန်း(၁၀၀)

1.3K 191 6
                                    

ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၁၀၀ )
ဂိုဏ်းတူဦးလေးပိုင်ကို မတောင်းပန်သေးဘူးလား။

ပိုင်ရှောင်ချန်းသည် ခါတိုင်းထက်ပို၍ မှားယွင်းနေသည်ဟု ခံစားရသည်။ သူ့အကြောင်းကို သူ့ဘာသာရှင်းပြရလျှင် သူ့မျက်နှာသူ ကြက်ဥပုတ်နှင့်ပေါက်မိသည့်အလား  အရှက်ရစရာဖြစ်နိုင်သည်ကို သဘောပေါက်သည်မှာ ကြာလှပြီဖြစ်သည်။

ရှင်းပြရန် ရည်ရွယ်ချက်မရှိသကဲ့သို့ ဆန္ဒလည်း မရှိချေ။

ပိုင်ရှောင်ချန်း၏ ရှင်းပြချက်က ပေဟန်ဖိန်းအား ပို၍ ပင်ဒေါသဖြစ်စေခဲ့သည်။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ လက်ကိုဝှေ့ရမ်းလိုက်သောအခါ သူ၏လက်မှ အနက်ရောင်အလင်းတန်းများက ချက်ချင်းဖြာထွက်လာကာ လခြမ်းပုံစံသို့လျင်မြန်စွာ ပြောင်းလဲသွား၏။
အမှောင်မိုက်ဆုံးညများမှာ လထွက်လာသည့်အလား ဖြစ်နေပြီး ကြောက်စရာကောင်းသည့် စွမ်းအားကြောင့် ပိုင်ရှောင်ချန်း၏နှလုံးသားကို တဒိန်းဒိန်းခုန်လာစေသည်။ ပေဟန်ဖိန်းသည်
ချက်ချင်းပင် ဂူ၏ မန္တာန်ဝင်္ကပါ ဆီသို့ လက်ကိုတွန်းပို့ လိုက်သည်။

ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားခဲ့ကာ အင်မော်တယ်ဂူတစ်ခုလုံး ခါရမ်းသွားခဲ့သည်။ မန္တာန်ဝင်္ကပါ၏ အပြင်ဘက်တွင် လွန်စွာပုံပျက်သွားခဲ့ကာ အချို့နေရာများတွင် ကွဲအက်ခါနီးဆဲဆဲဖြစ်လာသည်။
သို့သော် အဆုံးတွင်မူ ထိုအရာသည် ပျက်စီးမသွားခဲ့ဘဲ မျက်စိတစ်မှိတ်အတွင်း ပုံမှန်ပြန်ဖြစ်သွား
ခဲ့၏။

ပေဟန်ဖိန်းပင် ပင့်သက်ရှိုက်သွားတော့ သည်။ ထိုမန္တာန်ဝင်္ကပါ၏အစွမ်းက သူ့အား အတော်ပင် ခေါင်းကိုက်စေသည်။ သူက ဒေါသဖြင့် အံကြိတ်လိုက်ကာ ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် အလှမ်းကွာဝေးသောနေရာမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာ၏။

' ပေဟန်ဖိန်း၊မင်းဘာတွေလုပ်နေတာလဲ မင်းလက် ကို ခုချက်ချင်းချထားလိုက် ' အသံက မိုးခြိမ်းလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားလျက် အရာအားလုံး တုန်ခါသွားသည်။ အထူးသဖြင့် ပေဟန်ဖိန်း၏ပတ်ဝန်းကျင်မှာ ပို၍ တုန်ခါနေတော့သည်။ အလွန်ကြောက်ရွံ့မှုကြောင့် ပေဟန်လဲ့ ပင်လျှင် သူ၏ ဒေါသကို ရုတ်သိမ်းလိုက်ရကာ နောက်ဆုတ်သွား၏။ သူ့နှလုံးသားတွင် ကြောက်ရွံ့မှုများ ကြီးစိုးလာတော့၏။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Donde viven las historias. Descúbrelo ahora