Unicode
ဘယ်ကောင်လုပ်တာလဲကွပိုင်ရှောင်ချန်းသည် သက်ပြင်းချလျက် ဟိုယွင်ဖေး၏ အိမ်မှ ထွက်လာကာ သူ့ ခြံထဲသို့ ပြန်လာခဲ့သည်။ သူသည် ကောင်းကင်သို့ မော့ကြည့်ကာ ဘေးပတ်ပတ်လည်မှ မြင်ကွင်းများကိုပါ ကြည့်၍ ကျင့်ကြံသူမျိုးနွယ်စု အကြောင်းကို တွေးနေမိသည်။ သူ၏ အမြင်အရ ဂိုဏ်းခေါင်းဆောင် အစ်ကိုကြီးသည် တဆိတ်တော့ အနိုင်ကျင့်လွန်းသည်။ ထို့ပြင် နောက်ထပ် လက်ဆောင်များကို စုဆောင်းရန်မှာ မဖြစ်နိုင်တော့သော်လည်း အနည်းဆုံးတော့ သူယူထားပြီးသည်များကို ပြန်ပေးရန် မလိုအပ်ပေ။
“အာ…ငါ့အပြစ်မှ မဟုတ်တာ။ ခေါင်းဆောင်အစ်ကိုကြီးရဲ့ ဓမ္မ ဥပဒေကြောင့်ပဲ။ ” သူ၏ အတွေးရထားထဲတွင် ထိုဘူတာဆိုက်သွားသောအခါ အနည်းငယ် သက်သာရာရသွားသည်။ လက်ဆောင်အားလုံးကို သိမ်းဆည်းပြီးသောအခါ သူက အဆင့် ၂ စိတ်စွမ်းအင် ဆေးလုံးများ အတွက် လိုအပ်သော ဆေးဝါးနှင့် ဆိုင်သော ပါဝင်ပစ္စည်းများကို အမြောက်အမြား ဝယ်ယူရန် ဈေးသို့ ဆင်းသွားလေသည်။ ထို့နောက် သူသည် ဆေးဝါးဖော်စပ်ဆောင်သို့ ပြန်သွားကာ သူ၏ ကျင့်ကြံခြင်းအလုပ်များနှင့် ဆေးဖော်စပ်ခြင်းများကို ဆက်လက်လုပ်ဆောင်နေတော့သည်။
အမှန်မှာ ကျိန်းယွမ်သုန်သည် မူလက ပိုင်ရှောင်ချန်းနှင့် ကျင့်ကြံသူမျိုးနွယ်စုများ ကိစ္စတွင် ဝင်မပါချင်ပေ။ သို့သော် ကိစ္စများသည် အံ့ဩဖွယ် ဖြစ်ပေါ်လာခဲ့သည်။ ယခင် ဂုဏ်ထူးဆောင် ဂိုဏ်းသား ၉ ယောက် မှာ စစ်ပွဲများတွင် အသက်ပေးအပ်သွားသူများ ဖြစ်ကြပြီး သေဆုံးပြီးနောက်မှ သူတို့၏ ဘွဲ့ထူးများကို လက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူတို့သည် ကျင့်ကြံသူ မျိုးနွယ်စုဝင်များ ဖြစ်ပြီးသား ဖြစ်သည်။ သူတို့အားလုံးမှာ သွေးသားရင်းချာ မျိုးဆက် မရှိသော်လည်း သူတို့၏ မျိုးနွယ်များတွင် ဆွေမျိုးသားချင်းများ ရှိကြသည်။ ထို့ကြောင့်ပင် မည်သည့် ပြဿနာမျှ ထွက်ပေါ်မလာခဲ့ဘဲ သူတို့၏ မျိုးနွယ်များက ဂုဏ်ထူးဆောင်မျိုးနွယ်များ အဖြစ် ချောချောမွေ့မွေ့ ပြောင်းလဲသွားခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/202513294-288-k836675.jpg)
VOUS LISEZ
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
AléatoireUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...