ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen
စာစဉ်၈အခန်း ( ၁၁၀ )
မြွေတစ်သောင်းတောင်ကြားသို့လူတစ်ဦးတစ်ယောက်မျှ သတိမပြုမိသော တစ်စုံတစ်ခုဖြစ်ပွားခဲ့သည်။ မုတ်သုံလေ၏ တစ်စိတ်တစ်ပိုင်းကြောင့် အနက်ရောင်မီးခိုးတချို့က ခရမ်းဒယ်အိုးတောင် အထက်ရှိ တိမ်တိုက်အတွင်းသို့ ဝင်သွားသည်။ အကြွင်းအကျန်တချို့ကိုမူ မြစိမ်းတောင်သို့ တိုက်ခတ်နေသောလေက သယ်ဆောင်သွားလေသည်။
အကယ်၍ မီးခိုးထုသည် အနည်းငယ်သာဖြစ်ခဲ့လျှင် နောက်ဆုံးတွင် မည်သည်ကိုမျှ လုပ်ရန်မလိုဘဲ ပျောက်ကွယ်သွားလိမ့်မည်။ သို့သော် နေ့စဥ်စုစည်းလာသဖြင့် ခရမ်းဒယ်အိုးတောင်တွင် မိုးများစတင်ရွာသွန်းလာသည်။ နောက်ဆုံးတွင် မြစိမ်းတောင်သို့ သက်ရောက်မှုများ ပျံ့နှံသွားသည်မှာ အံ့သြဖွယ်မဟုတ်တော့ပေ။
မူလတွင် မြစိမ်းတောင်မှ ဂိုဏ်းသားများသည် မွှေးရနံ့တောင်နှင့် ခရမ်းဒယ်အိုးတောင်တွင် ဖြစ်ပျက်နေသည်များကို ကြည့်ကာ ထိတ်လန့်နေကြသည်။ သို့သော်တချိန်တည်းမှာပင် တခြားဂိုဏ်းသားများ၏ ကံဆိုးခြင်းကို ပီတိဖြစ်နေကြ၏။ ထို့အပြင် ပိုင်ရှောင်ချန်းကို မြစိမ်းတောင်သို့ မလာနိုင်အောင် တားဆီးရန် သူတို့အားလုံးလုပ်ဆောင်ကြလေသည်။
အမှတ်သုံးဖက်တီးဟီ၏ မိတ်ဆွေများကပင် ပိုင်ရှောင်ချန်းကိုခေါ်ဆောင်မလာခဲ့ရန် သူမအား သတိပေးကြသည်။
ထို့နောက် မိုးများ စတင်ရွာလာသည်။ မြစိမ်းတောင်အထက်ကောင်းကင်တွင် အနက်ရောင်တိမ်ထုကြီးကို တွေ့ရှိသွားသောအခါ လူအများတွင် ထိတ်လန့်တုန်လှုပ်သော အမူအယာများ ဖြစ်ပေါ်လာကြသည်။
တိမ်ထုများမှာ ခရမ်းဒယ်အိုးတောင်အထက်ရှိ တိမ်ထုကြီးကဲ့သို့ သိပ်သည်းခြင်းမရှိကြသော်လည်း အက်စစ်မိုးများရွာကျလာပြီး ဂိုဏ်းသားများ၏အဝတ်များပျော်ကျလာသောကြောင့် အထိတ်တလန့်အော်သံများ ထွက်ပေါ်လာသည်။အော်ဟစ်သံများတိုးလာသည်နှင့်အမျှ မြစိမ်းတောင်မှ များပြားလှသော အလင်းတန်းများ ခရမ်းဒယ်အိုးတောင်ဆီသို့ လွင့်ပျံလာသည်။ ထို့နောက် ပိုင်ရှောင်ချန်းကို လိုက်လံဖမ်းဆီးနေသော ဂိုဏ်းသားအုပ်ကြီးဖြင့် ပူးပေါင်းလိုက်ကြသည်။
ESTÁS LEYENDO
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
De TodoUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...