အခန်း(၇၀)

1.3K 185 4
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၇၀ )
ဟေး... အစ်ကိုကြီး လီ

မြစိမ်းတောင်၏ တောင်ထိပ်အနီးတဝိုက်တွင် တစ်ခုတည်းသော လမ်းလေးတစ်ခုရှိလေသည်။ ထိုလမ်းအဆုံးတွင် များစွာသော ရွှေငါးလေးများ မြူးထူးပျော်ပါးရာ ရေကန်တစ်ကန်လည်းတည်ရှိသည်။

ထိုရေကန်နှင့်ကပ်ရပ်တွင်မူ အင်မော်တယ်ဂူတည်ရှိသည်။ ထိုနေရာသည် အစွန်အဖျားကျ၍ သီးခြားရှိသော နေရာဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်လှသည်။  ထိုအနားတဝိုက်က စိတ်စွမ်းစွမ်းအားများကလည်း အခြားနေရာများထက်ပင် ပိုမိုများပြားလှသည်။

ကန်ဘောင်တွင် လူရွယ်တစ်ယောက်ထိုင်နေသည်။ အပြင်ဂိုဏ်း၏ဝတ်ရုံရှည်ကိုရုံထားပြီး သာမန်ထက် ကြည့်ကောင်းသော ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားသည်။ အပြင်ပန်းဖြစ်သော အနက်ရောင်ဆံပင်ရှည်၊ အသားဖြူဖြူတို့ကိုအကဲခတ်ရုံမျှနှင့် ထက်မြက်မှုတို့က တစွန်းတစပေါ်ထွက်နေသည်။

ထိုသူသည် ဂိုဏ်းသူများက ဂရုတစိုက်စောင့်ကြည့်လေ့လာရသည့် လူမျိုးဖြစ်သည်။ ဖီးနစ်ငှက်ကဲ့သို့ဝိုင်းစက်နေသည့် မျက်ဝန်းများက နူးညံ့လှသည့်အပြင် တလက်လက်နှင့် ရွှန်းလဲ့တောက်ပနေသည်။ တစ်ကိုယ်လုံးခြုံကြည့်လျှင် အခြားသူများနှင့် ယှဥ်ရက်စရာပင်မရှိ​ချေ။

လောလောဆယ်တွင် သူက ငါးမြားတံကို ကိုင်ထားပြီး တစ်ခါတစ်ရံ ရေကန်မှဆွဲထုတ်လိုက်သည့်အခါ အစာကို လောဘတကြီး အငမ်းမရမြိုနေသော ငါးက ငါးမြားတံအဆုံးတွင် ပါလာသည်။

မျက်နှာဖြူဖပ်ဖြူရော်နှင့် သက်လတ်ပိုင်း လူငယ် သည် ထိုလမ်းကို ခပ်သွက်သွက်လျှောက်လာသည်။ လမ်းအဆုံးကိုရောက်သောအခါ ထိုလူရွယ်ဆီသို့ ဖြည်းညင်းစွာနှင့် လေးနက်စွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"နှုတ်ခွန်းဆက်သပါတယ် သခင်လေး''

အံကြိတ်ရင်း သက်လတ်ပိုင်းလူငယ်က
ရှောင်ချန်း၏ သတင်းကိုပို့သည်။

"သခင်လေး... ပိုင်ရှောင်ချန်းက ဘယ်လိုမျိုး သင့်တော်တဲ့ ဂါရဝပြုခြင်းကိုပြူမူရမယ်ဆိုတာ မသိနားမလည်ဘူး။ ကျွန်တော်က သခင်လေးပြောတာကို သွားပြောခဲ့ပေမယ့် သူက လာရောက်နှုတ်ဆက်ရမယ့်အစား ဆရာကြီးပုံစံလုပ်နေပါတယ်။ ဂိုဏ်းပတ်လည်ကို လျှောက်သွားပြီး အပြစ်လုပ်နေတာကို ပိန်အောင်လုပ်နေတယ်လို့ သူထင်နေတဲ့ပုံပဲ  ''

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Kde žijí příběhy. Začni objevovat