အခန်(၁၀၈)

1.2K 179 0
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen
စာစဉ် ၈

အခန်း ( ၁၀၈ )

ဖက်တီးကျန်းကြီး၊ သစ္စာရှိသောမိတ်ဆွေ

အဖြစ်အပျက်များကိုလီချင်းဟောက်မြင်တွေ့သွားသောအခါ အလွန်အံ့အားသင့်နေလေသည်။ မိုးကြိုးလျှပ်စီးကိုလုံးဝလွင့်ပြယ်စေရန်မှာအချိန်သိပ်မရတော့သောကြောင့် လီချင်းဟောက်သည်မန္တန်လက်ကွက်တခုကိုအလျင်အမြန်ပင်ဖော်လိုက်ကာ မိုးပေါ်သို့လက်ကိုဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ ရောင်စုံတောက်ပနေသောဒိုင်းကာတခု မွှေးရနံ့တိမ်တောင်ပေါ်သို့ရုတ်တရက်ပေါ်လာလေသည်။

တချိန်တည်းမှာပင် ထောင်ချီသောမိုးကြိုးလျှပ်စီးများသည် ကောင်းကင်မှကျဆင်းလာလေသည်။ ၎င်းတို့သည်မွှေးရနံ့တိမ်တောင်ထိပ်သို့ဦးတည်ဆင်းသက်လာကြသော်လည်း ဒိုင်းကာသည်၎င်းတို့လာရာလမ်းကြောင်းကိုပိတ်ဆို့ထားပြီး မိုးကြိုးလျှပ်စီးများကိုလွင့်ပြယ်သွားစေရာ ကျယ်လောင်သောမိုးခြိမ်းသံများပဲ့တင်ထပ်သွားပြီး ဒိုင်းကာတဝိုက်တွင်လှိုင်းများထသွားလေသည်။

စက္ကန့်သုံးဆယ်မျှအကြာတွင် နောက်ဆုံးမိုးကြိုးလျှပ်စီးသည်လွင့်ပြယ်သွားပြီး ရောင်စုံဒိုင်းကာသည်လည်းမှေးမှိန်ပျောက်ကွယ်သွားလေ၏။ မွှေးရနံ့တိမ်တောင်ပေါ်ရှိဂိုဏ်းသားများသည် တဆတ်ဆတ်တုန်နေကြကာ၊ ကြီးမားပြင်းထန်သောအန္တရာယ်ရှိနေသည့်ခံစားချက်သည်ရင်ထဲတွင်စွဲကျန်နေခဲ့သည်။ တခဏမျှအကြာတွင် သွေးပျက်နေသောမျက်လုံးများဖြင့် ပိုင်ရှောင်ချန်း၏ဂူဘက်သို့လှည့်ကြည့်လိုက်ကြလေသည်။

"ပိုင်ရှောင်ချန်း..." မရေမတွက်နိုင်အောင်များပြားသောဂိုဏ်းသားများသည် စူးစူးဝါးဝါးအော်ဟစ်နေကြသည်။ တစတစနှင့် ကြီးမားလှသောလူအုပ်ကြီးသည် ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူရှေ့တွင် စုရုံးနေကြသည်။ လူအုပ်ထဲတွင်အကြီးအကဲများပါ ပါဝင်လာကြပြီး လီချင်းဟောက်သည်လူအုပ်ရှိရာဘက်သို့ တောက်ပသောအလင်းတန်းတခုအသွင်ဖြင့်ပျံသန်းလာလေ၏။

သူ၏ပြိုကျအံ့ဆဲဆဲအင်မော်တယ်ဂူထဲတွင်မူ ပိုင်ရှောင်ချန်းသည် သူ၏ဆေးပေါင်းဖိုကိုစိုးရိမ်တကြီးစောင့်ကြည့်နေသည်။ မိုးကြိုးလျှပ်စီးများကျရောက်မလာသေး၍ စိတ်ရှုပ်နေစဥ် ဂူအပြင်ဘက်ဆီမှ နားအူမတတ်ဆူညံကျယ်လောင်လှသော မိုးကြိုးပစ်သံများကိုကြားလိုက်ရလေ၏။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now