ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၈၁ )
ရှေးဟောင်းစိတ်စွမ်းအင်မှော်အတတ်
ဖက်တီးကျန်းကြီးမှာ စိတ်လှုပ်ရှားနေပြီဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ အကြံပေးချက်ကိုကြားလိုက်သောအခါ ထိုအကြံမှာ သင့်တော်သည်ဟုယူဆကာ ခေါင်းညိတ်လက်ခံလိုက်သည်။
သူက ချောင်းဟန့်လိုက်ကာ လုံးဝစိတ်လှုပ်ရှားခြင်းမရှိဟန် ဆောင်လိုက်သည်။
" အေးကွ။ ငါ့ဆရာမ စကားအရဆို အဆင့်မြှင့််တင်ခြင်း အောင်မြင်လား၊မအောင်မြင်လားဆိုတာကို ငါကစောင့်ကြည့်မနေသင့်ဘူး။ အမှတ်ကိုး ဂိုဏ်းတူညီလေး…အဲ့တာဆို မြန်မြန်လေး အထဲသွားပြီး စစ်ဆေးခဲ့လိုက် "
ပိုင်ရှောင်ချန်းမှာ နောက်လှည့်ပြီး အိမ်ထဲသို့ အလျင်အမြန်ဝင်သွားသည်။ သူက ထိုဓားပျံကို မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်သည်။ ဖက်တီးကျန်းကြီးစိတ်ပျက်သွားမည် စိုး၍ သူက စစ်ဆေးရမည့်အစား မန္တန်လက်ကွက်တစ်ခုကိုဖော်ပြီး လက်ညှိုးထုတ်လိုက်သောအခါ သူ၏လိပ်ပုံစံဒယ်အိုး ထွက်ပေါ်လာသည်။
" အင်း… အစ်ကိုကြီးက ဂိုဏ်းဝင်စထဲက ဖိအားတွေအများကြီးအောက်ရောက်နေရတာ။ အခုမှ သူ့ကိုယ်သူယုံကြည်မှုလေး နည်းနည်းပြန်ရရုံရှိသေးတယ်။ ငါ့ကြောင့် သူစိတ်ပျက်လက်ပျက်နဲ့ ထွက်သွားရရင်မကောင်းဘူး။ ဒီလိပ်ပုံစံဒယ်အိုးလေးကိုသုံးရင် ဓားပျံရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက အောင်မြင်သွားမလား မသိဘူး။ "
သူက တစ်ယောက်ထဲ ရေရွတ်ရင်း တစ်ရောင်ခြယ်မီးတောက်တစ်ခုကို မွှေးလိုက်ကာ မစစ်ဆေးရသေးသော ဓားပျံကို ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။
ငွေရောင်အလင်းတန်းများ တောက်ပစွာ ပေါ်ထွက်လာပြီးနောက် လိပ်ပုံစံဒယ်အိုးလေးကို သူ သိမ်းဆည်းလိုက်သည်။သူက အံကြိတ်ကာ စိတ်စွမ်းအင်အချို့ကို ဓားထဲသို့ ထည့်သွင်းလိုက်သောအခါ ငွေရောင်အလင်းတန်းများက ငွေရောင်အင်းကွက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
VOUS LISEZ
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
AléatoireUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...