ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၆၈ )
ဂိုဏ်းတူ တူလေး.....မပြေးနဲ့ ။ပိုင်ရှောင်ချန်းသည် မည်သည့်အခြေအနေတွင်မဆို ပျော်ပျော်ရွှင်ရွှင်နှင့် ရွှတ်နောက်နောက်နေတတ်သော သူမျိုးဖြစ်သည်။ ယခုတော့ သူသည် ဂိုဏ်းခေါင်ဆောင်ကြီး၏ ဂိုဏ်းတူညီလေးဖြစ်နေရသည့် ဘဝကို ပျော်ရွှင်ကျေနပ်နေသည်။ တောင်ပေါ်လမ်းများကို ဟန်ပါပါလျှောက်နေရင်း စီမံရေးရာအဆောင်ကိုပင် ခပ်ပြပြလှမ်းမြင်နေရပြီဖြစ်သည်။
လည်ချောင်းကိုရှင်းလိုက်ကာ အဝတ်အစားတွေကို စန့်စန့်ရန့်ရန့်ဖြစ်အောင်ပြင်လိုက်ရင်း ဂိုဏ်း၏ဝါရင့်ဆရာသမားကြီးများဟန် ပြင်လိုက်သည်။ ထို့နောက် မေးကိုမော့ကာ လက်ကိုနောက်ပစ်ရင်း စိမ်ပြေနပြေလျှောက်လာလိုက်သည်။
စီမံရေးရာအဆောင်သည် ဂိုဏ်းထဲတွင် အလုပ်အများဆုံးသောအဆောင်များထဲက အဆောင်တစ်ဆောင်ဖြစ်သည်။ သည်နေ့တွင်လည်း ခါတိုင်းကဲ့သို့ပင် လူများပြည့်ကျပ်နေသည်။ အပြင်ဂိုဏ်းသားများ၏ ကျွက်ကျွက်ညံအောင်ဆူနေသံများကို အဝေးကနေပင် ကြားနေရသည်။
ပိုင်ရှောင်ချန်းရောက်သွားသောအခါ သဘောထားကြီးသောအပြုံးကို မျက်နှာတွင်ဆင်မြန်းလိုက်ရင်း အပြင်စည်းဂိုဏ်းသားများကို ဝေ့ကြည့်လိုက်သည်။
သူ့ကိုမြင်လိုက်ရသည်နှင့် ဂိုဏ်းသားများက အနားသို့ စုပြုံတိုးလာကြသည်။ ရှောင်ချန်းသည် လူများအကြားသို့ အလိုလိုရောက်သွားကာ ခေါင်းစဥ်အမျိုးမျိုးကို ဒိုင်ခံဆွေးနွေးပေးနေလေသည်။ အချို့ကမူ သူ့ကိုမြင်လိုက်ရသဖြင့် အသက်ရှုပင်မှားသွားကြသည်။
"ဒါက...ဒါက... ဂိုဏ်းတူဦးလေးပိုင်မဟုတ်လား..။ နှုတ်ဆက်ကြစမ်း ဦလေးပိုင်ကို''
လက်များကို ရှောင်ချန်းရှိရာသို့ ပွေ့ဖက်ဟန်ပြုနေရင်း
''ဦးလေးပိုင်ကို နှုတ်ဆက်ကြစမ်း''
ဟု အော်ဟစ်နေကြသည်။
ထိုအသံများကိုကြားသောအခါ လူများက ပိုမိုအုံခဲလာကြသည်။ ထိုနေရာတွင်ရှိသမျှလူအားလုံးသည် ပိုင်ရှောင်ချန်းကို နှုတ်ဆက်ရန် လက်ဟန်ပြင်နေကြသည်ဟုပင် ထင်ရသည်။
ESTÁS LEYENDO
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
De TodoUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...