မျိုးဆက်သွေး သက်စောင့်အား
ပိုင်ရှောင်ချန်းသည် ခွေးကြီးတဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို တွေဝေလျက်ငေးကြည့်နေလေ၏။ ထိုခွေးကြီး၏ထွားကြိုင်းသန်မာသည့် ခန္ဓာကိုယ်က ပိုပြီးပိန်လှီလာရာ သားရဲသန္ဓေတည်ပန်းပွင့်၏ ရှင်သန်ကြီးထွားမှုဖြစ်စဉ်ကို ပို၍နားလည်လာစေ၏။ ရုတ်တရက် ပန်းပွင့်မှထုတ်လွှတ်သော မွှေးရနံ့အကြောင်း စဉ်းစားလိုက်မိလေ၏။
"သားရဲသန္ဓေတည်ပန်းပွင့်ကနေပြီး စိတ်ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ရနံ့တစ်မျိုးကို ထုတ်လွှတ်ပေးတယ်။ အခြားတိရစ္ဆာန်တွေကို ပန်းပွင့်ကနေစားသုံးလိုက်ပြီးရင် သူတို့ရဲ့ချီစွမ်းအင်နဲ့ သွေးတွေဟာ ရောမွှေခံရပြီး မျိုးဆက်သွေးသက်စောင့်အား အချို့ကို ထုတ်ယူလိုက်တယ်။ ဒါကြောင့် ဒီခွေးဟာ တဖြည်းဖြည်းပိန်လှီလာတာပဲ။ သားရဲအရိုင်းတွေကျတော့ အနည်းငယ်ကွဲပြားတယ်။ ဒီတော့ သူတို့ရဲ့ ချီစွမ်းအင်နဲ့ သွေးတွေကိုရောလိုက်ရင်ကျ သူတို့ကြုံတွေ့ရတဲ့ ထင်ယောင်ထင်မှားဖြစ်ရပ်တွေဟာလည်းပဲ ကွဲပြားသွားတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာရဲ့အဓိကရည်ရွယ်ချက်ဟာ သားရဲတွေပြန်လည်ခုခံခြင်းမပြုနိုင်အောင်ပဲ။"
"ဒီသားရဲသန္ဓေတည်အစေ့တွေ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတာဟာလည်း အဆန်းမဟုတ်ပါဘူး...။ တနည်းအားဖြင့် သားရဲသန္ဓေတည်အစေ့ဟာ သားရဲအရိုင်းတွေအားလုံးထက် လုံးဝသာလွန်နေတာပဲ။" ပိုင်ရှောင်ချန်းသည် တွေ့ရှိမှုအသစ်အပေါ် အံ့သြတုန်လှုပ်သွားလေ၏။
ခြင်များသွေးစုပ်သောအခါ တိတ်တဆိတ်သွေးစုပ်နိုင်ရန် သူတို့ကိုက်လိုက်သည့်နေရာတဝိုက်ကို ထုံနေအောင်ပြုလုပ်တတ်ကြသည်။ ထို့အတူပင် သားရဲသန္ဓေတည်ပန်းပွင့်သည် မျိုးဆက်သွေး သက်စောင့်အား ကိုလျှို့ဝှက်စွာစုပ်ယူတတ်လေ၏။
ခုနှစ်ရက်ကုန်လွန်သွားခဲ့ပြီ။ သားရဲသန္ဓေတည်ပန်းပွင့်သည် မကြာမီပွင့်လန်းလာတော့မည်ဖြစ်ရာ ပိုင်ရှောင်ချန်းအနေဖြင့် အဆင့်လွန်သားရဲကြီးများ၏ မျိုးဆက်သွေး သက်စောင့်အား ကို ထပ်မရှာနိုင်တော့လျှင် ပန်းပွင့်ကိုအလဟဿစွန့်ပစ်လိုက်ရပေတော့မည်။
YOU ARE READING
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
RandomUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...