အခန်း(၆၀)

1.3K 185 1
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ  Ergen

အခန်း(၆၀)
ကြမ်းတမ်းသော အသက်လုတိုက်ပွဲ

အခြေအနေမှာ မြန်မြန်ဆန်ဆန်ပင် တိုးတက်လာသည်။ မီးခဲယင်နားသလောက်ပင် မကြာသောအချိန်အတွင်းမှာ ချီစုစည်းမှု အဆင့်ရှစ်ကျင့်ကြံသူ သုံးဦးအနက် နှစ်ဦးသာ ကျန်ရှိတော့သည်။ ကျန်နှစ်ဦးမှာ အံသြထိတ်လန့်စွာ ပါးစပ်အဟောင်းသားဖြစ်နေသော်လည်း အခြေအနေမှာ အချိန်ဆွဲနေ၍မဖြစ်သောကြောင့် ရှောင်ချန်းဆီပြေးဝင်လာကြသည်။

ပိုင်ရှောင်ချန်းသည် အနောက်ရှိ သစ်ပင်တစ်ပင်ဆီသို့ ပြန်ဆုတ်ပြီးနောက် သူ့ဝမ်းဗိုက်ထဲမှစိုက်ဝင်နေသော ဓားကိုဆွဲထုတ်လိုက်ရာ ပါးစပ်မှသွေးများစီးကျလာသည်။ ထို့နောက် ဓားကို ရန်သူတစ်ယောက်ဆီသို့ လျင်လျင်မြန်မြန် ပစ်လွှတ်လိုက်သည်။ သို့သော် သူ့ရန်သူက ဘေးကိုအသာလေးရှောင်တိမ်းနိုင်၏။  အခြားကျင့်ကြံသူမှာ ရှေ့တိုးရန်အခွင့်အရေးသွားပြီး ပိုင်ရှောင်ချန်းအနီးသို့ရောက်သောအခါ လက်ကွက်မန္တာန်တစ်ခုဖော်လိုက်ရာ ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

ဝုန်းခနဲမြည်ဟည်းသံနှင့် အတူ ပိုင်ရှောင်ချန်းလွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်မှ သွေးများထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး ရဲရဲနီသွားသည်။ လောက်ချိန်မျိုးနွယ်စု ကျင့်ကြံသူနှစ်ဦး၏ လက်ချက်ကြောင့် ရှောင်ချန်းအင်္ကျီများတွင် သွေးများဖြင့် နီစွေးနေသည်။ အခြေအနေမှာ လုံးဝမျှော်လင့်ချက်မရှိတော့သော်လည်း ပိုင်ရှောင်ချန်းလက်မလျော့သေး။ အသက်ရှင်ရေးအတွက် နောက်ဆုံးကောက်ရိုးမျှင်မျှင်လေး ကိုပင်လက်လွှတ်မခံနိုင်။ နာကျင်စွာ အော်ဟစ်လိုက်ရင်း လက်ကွက်မန္တာန်တစ်ခုကို ခေါ်လိုက်ကာ လှံရှည်တစ်ချောင်း ပုဆိန်တစ်လက်၊ ဓားပျံနှစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။

ခရမ်းရောင်ချီဒယ်အိုးထိန်းချုပ်နည်းကို သုံး၍ လက်နက်များကို ရန်သူများဆီသို့ တစ်ရှိန်ထိုး ပစ်လွှတ်လိုက်သည်။

လောက်ချိန်မျိုးနွယ်စု ကျင့်ကြံသူနှစ်ယောက်မှာ မျက်နှာပျက်သွားပြီး မှော်စွမ်းအင်များကို အသုံးပြုလိုက်ရာ အတိုင်းအဆမဲ့သော အနက်ရောင်မြူ ခိုးထုကြီးတစ်ခု ထွက်ပေါ်လာသည်။ တိုက်ခိုက်ပေါက်ကွဲသံများနှင့်အတူ ပိုင်ရှောင်ချန်းပစ်လွှတ်လိုက်သော လက်နက်များ မြေပြင်ပေါ် ပြန်ကျလာသည်။ ထိုအချိန်တွင် ပိုင်ရှောငိချန်းလည်း ပါးစပ်မှသွေးများဖြင့် နောက်သို့အမြန်ဆုတ်လိုက်သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now