အခန်း(၃၆)

1.4K 223 1
                                    

Unicode
စံချိန်များကို လိပ်ကလေးချိုးဖျက်ခြင်း

ပိုင်ရှောင်ချန်း၏ အခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိလိုသောဆန္ဒမီးကို ရွှီပေါက်ချိုင်ကမွှေးပေးလိုက်ပြီဖြစ်သည်။

နောက်ရက်များတွင် သူက ကျမ်းစာအဆောင်သို့ ဆက်တိုက်သွားပြီး နတ်ဘုရားဆောင် သို့ပါ ဆက်သွားတော့သည်။

နတ်ဘုရားဆောင်သည် ကျင့်ကြံခြင်းလောက၏ သတင်းအချက်များစွာကိုလေ့လာနိုင်စေရန်အလို့ငှာ တည်ဆောက်ထားသော အဆောက်အဦတစ်ခုဖြစ်သ​ည်။ အခြေခိုင်မာခြင်းအဆင့်အကြောင်းကို အသေးစိတ်လေ့လာပြီးသောအခါ ပိုင်ရှောင်ချန်းသည် ရွှီပေါက်ချိုင်ပြောခဲ့သောအရာများမှာ မှန်ကန်ကြောင်း သိသွားလေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ပင် ဖြစ်နေတော့သည်။

သူ၏အမြင်တွင် အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ပါမှ ထာဝရအသက်ရှင်သန်နိုင်​မည့် လမ်းကြောင်းပေါ်သို့ ပထမဆုံးခြေလှမ်းချနိုင်မည်ဖြစ်ကြောင်း တွေးနေသည်။

သူ့ကိုပို၍ စိတ်လှုပ်ရှားစေသောအရာမှာ အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရှိရန် လမ်းစဥ်သုံးမျိုး ရှိသည်ဆိုသောအချက်ပင်။ လမ်းစဥ်တစ်ခုချင်းစီက မတူညီသော အသက်ရှည်ခြင်းကို ပေးစွမ်းလေသည်။ နောက်ဆုံးတွင်မူ သူ ပို၍ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားတော့သည်။

" ကောင်းကင်၊ ကမ္ဘာမြေ နဲ့ မော်တယ် ဆိုပြီး အခြေခိုင်မာခြင်းအဆင့် သုံးမျိုးပဲ။ မော်တယ်တာအို အခြေခိုင်မာခြင်းအဆင့်လမ်းစဉ်မှာ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးတစ်လုံးလိုတယ်။ အောင််မြင်နိုင်ချေကနည်းတယ်။ ဒါပေမဲ့အောင်မြင်သွားရင်လည်း နှစ်တစ်ရာထပ်ပြီး အသက်ရှည်မယ်။ “

" ကမ္ဘမြေတာအို အခြေခိုင်မာခြင်းလမ်းစဥ်မှာ မြေကြီးကစွမ်းအင်တွေကိုစုပ်ယူပြီး ပြင်းထန်တဲ့စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲတယ်။ အောင်မြင်နိုင်ချေက ပိုလို့တောင်နဲသေးတယ်ဟ။ ဒါပေမဲ့ ရလဒ်ကတော့ အသက်နှစ်၂ရာ ပိုရှည်လာမယ်။ "

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Nơi câu chuyện tồn tại. Hãy khám phá bây giờ