ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း(၆၃)
လောချိန်မျိုးနွယ်စုကို ချေမှုန်းခြင်းတစ်ခဏအတွင်းပင် လီချင်းဟောက်က တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ဆီသို့ ရောက်သွားသည်။ သူ့အသွင်က ဓားအိမ်မပါသောဓားတစ်ချောင်းအလား သတ်ဖြတ်ချင်စိတ်ပြည့်နှက်နေ၏။
အူယန်ကျဲ၏မျက်လုံးအိမ်များ အနည်းငယ်ကျဉ်းမြောင်းသွားသည်။ တောင်ဘက်ခြမ်းရှိ ဂိုဏ်းချုပ်သုံးယောက်ထဲတွင် လီချင်းဟောက်ကို အရေးအကြီးဆုံးဟု သူ မှတ်ယူထား၏။ အမှန်တကယ်မှာလည်း လီချင်းဟောက်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲရှိ အရေးအကြီးဆုံးလူများထဲက တစ်ယောက်ဖြစ်သည်။
သူသည် အဆင့်မြင့်သမားတော်တစ်ယောက်ဖြစ်ရုံသာမက သူ၏ပင်ကိုယ်အရည်အချင်းကလည်း အင်မတန်ရှားပါးသည်။ ဥပမာဆိုရသော် သူသည် နှစ်ပေါင်းတစ်ရာခန့်သာ ကျင့်ကြံရသေးသော်လည်း အခြေခိုင်မာခြင်းအဆင့်၏ နောက်ဆုံးသို့ ရောက်သွားပြီဖြစ်သည်။ ထို့အပြင် တစ်ဂိုဏ်းလုံးထဲတွင် အခြေခိုင်မာခြင်းအဆင့်မှ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနိုင်ခြေအများဆုံးလူဖြစ်ကြောင်း လူများကထင်ကြေးပေးနေကြသည်။
" ဒီအပြင်စည်းဂိုဏ်းသားလေးယောက်ထဲမှာ လီချင်းဟောက်ရဲ့အသိတစ်ယောက်ပါတယ် ပြောတယ် "
အူယန်ကျဲက တွေးလိုက်သည်။ တချိန်ထဲမှာပင် မန္တန်အစီအရင်ထဲမှ တဂျုံးဂျုံးမြည်ဟည်းသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အလင်းတန်းများ မြင့်တက်သွား၏။ လီချင်းဟောက်ပါဝင်သည့် ကျင့်ကြံသူနှစ်ထောင်ကျော်က ချက်ချင်းပင် မှုန်ဝါးပျောက်ကွယ်သွားသည်။ပိုင်ရှောင်ချန်းတို့အုပ်စု လပေါင်းများစွာသွားခဲ့ရသော ခရီးလမ်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်အစွမ်းကြောင့် စက္ကန့်အနည်းငယ်အတွင်း ရောက်ရှိသွားသည်။
သတိလစ်မေ့မျောနေသော တုလင်ဖေး၏ကောင်းကင်ယံထက်တွင် မိုးကြိုးပစ်လိုက်သည့်အလား တဂျုံးဂျုံးမြည်ဟည်းသံများဖြင့် ပြည့်နေသည်။ ကောင်းကင်ကြီးက တဖြည်းဖြည်းမှိတ်ဖျော့လာပြီး တစ်စုံတစ်ရာထိုးခွင်းလာသည့်အလား ကြီးမားသော မန္တန်အစီအရင်တစ်ခု ထွက်ပေါ်လာသည်။
ČTEŠ
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
NezařaditelnéUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...