ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၆၄ )
စျာပနအခမ်းအနားလီချင်းဟောက်ထွက်ခွာသွားသည်ကိုကြည့်ကာ အူယန်ကျဲက အသံကျယ်ကြီးဖြင့် ဘေးနားကဂိုဏ်းသားများကြားအောင် အော်ပြောလိုက်သည်။
" လူစုခွဲပြီး ပိုင်ရှောင်ချန်းကို ရအောင်ရှာကြမယ်။ သူ့ကိုရှာတွေ့တဲ့လူကို ငါကိုယ်တိုင် စွမ်းဆောင်မှုရမှတ်တွေနဲ့ ဆုချမယ်။ လမ်းမှာအသက်ရှင်ကျန်နေတဲ့ လောချိန်မျိုးနွယ်စုဝင်တွေကိုတော့ မြင်တာနဲ့သတ်ပစ်မယ် "၅ထောင်ကီလိုမီတာတစ်ဝိုက်ကို ကျင့်ကြံသူအယောက်နှစ်ထောင်က တစ်လလုံးရှာဖွေကြတော့သည်။
နေရာအကုန်လုံး လှန်လှောရှာဖွေပါသော်ငြားလည်း ပိုင်ရှောင်ချန်းကို မည်သူမှရှာမတွေ့ချေ။ သို့သော်လည်း သူသတ်ခဲ့သောလောချိန်မျိုးနွယ်စုဝင်များ၏ အလောင်းများကိုတော့ တွေ့ရှိလေသည်။
တစ်လောင်းပြီးတစ်လောင်း ပေါ်ပေါ်လာသည်ကိုမြင်ရသောအခါ အတွင်းစည်းဂိုဏ်းသားများ ပို၍ပင်တုန်လှုပ်လာတော့သည်။ထို လောချိန်မျိုးနွယ်စုဝင်အားလုံးမှာ တစ်ချက်ထဲနှင့် ဇီဝိန်ချုပ်ခံခဲ့ရခြင်းဖြစ်သည်။ ချီစုစည်းမှုအဆင့်ခြောက်သာရှိသော အပြင်စည်းဂိုဏ်းသားတစ်ယောက်က ထိုကဲ့သို့ တိုက်ကွက်မျိုးထုတ်သုံးနိုင်သည်ကို သူတို့မှာ ယုံပင်မယုံရဲပေ။
ချန်သကျင်းကမူ ပင့်သက်များကိုဆက်တိုက်ရှိုက်နေရတော့သည်။ ရုတ်တရက်ပင် ပိုင်ရှောင်ချန်းတကယ်သေသွားလျှင် သူ့အတွက်ပိုကောင်းသည် ဟူသောအတွေးက သူ့ခေါင်းထဲသို့ဝင်လာသည်။ ထိုကဲ့သို့ ကြမ်းတမ်းကာ အင်အားကြီးသော လူမျိုးကို သူလည်းယှဥ်နိုင်မည်မဟုတ်မှာ သေချာသည်။ လီချင်းဟောက်မှာ ဒေါသစိတ်များနှင့် တုန်လှုပ်နေပြီး စိတ်ထဲတွင်ကြိတ်ကာ ပူဆွေးနေတော့သည်။
ထိုမြင်ကွင်းကို ချန်သကျင်းကကြည့်ရင်း လန့်ဖျန့်နေတော့သည်။
" သောက်ကျိုးနည်းကွာ။ မင်းဂိုဏ်းထဲမှာ ဒီလိုအဆက်အသွယ်တွေရှိတဲ့အကြောင်း ဘာလို့ငါ့ကိုမပြောထားတုံး။ မင်းသာကြိုပြောထားရင် ငါမင်းကိုဒီလိုတွေမလုပ်ပါဘူးကွာ။ "
အဆုံးတွင် ချီစုစည်းမှုအဆင့်ရှစ်ရှိသောလူသုံးယောက်၏ အလောင်းများကိုမြင်လိုက်ရသောအခါ သူတို့မှာ ဖြစ်ပျက်ခဲ့သောတိုက်ပွဲ၏ ပြင်းထန်ရက်စက်ပုံကို တွေးတောမြင်ယောင်ရင်း ဆွံ့အနေတော့သည်။
ESTÁS LEYENDO
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
De TodoUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...