အခန်း(၁၁၅)

1.2K 154 5
                                    

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

စာစဉ်(9)

အခန်း ( ၁၁၅ )

ငါပြောနေတာတွေ လျှောက်မဖွပစ်နဲ့...

မြွေတစ်သောင်းတောင်ကြားတွင် မြွေတစ်ကောင်တမြီးမှ မကျန်တော့ချေ။ ပိုင်ရှောင်ချန်းသည် မန္တန်ဝင်္ကပါထဲတွင်ထိုင်နေပြီး ဗလာကျင်းနေသော ဂူထဲသို့ ငေးကြည့်နေ၏။ ရုတ်တရက် ငလျင်လှုပ်လိုက်သလို ခံစားလိုက်ရပြီး ဘေးပတ်ဝန်းကျင်တခုလုံးတသိမ့်သိမ့် တုန်လှုပ်နေသည်။  သူသည် ကြောက်လန့်တကြားအော်ဟစ်ကာ ဂူထဲမှထွက်ပြေးခဲ့လေ၏။

သူ့ဦးခေါင်းတခုလုံး ပူထူနေပြီး သူ့တကိုယ်လုံးလည်းတုန်ရီနေသည်။ ယခုတစ်ခေါက် သူလုပ်လိုက်မိသောကိစ္စသည် အတော်ပြင်းထန်သွားကြောင်း သူနားလည်သည်။ မြွေတစ်သောင်းတောင်ကြားရှိမြွေများအားလုံးကို လွှတ်ပေးလိုက်မိပြီဟူသော အသိစိတ်တခုတည်းကပင် သူ့ကိုတုန်လှုပ်နေစေ၏။

"စိတ်ကုန်လာပြီ...။ တော်ပြီ... ဘာဖြစ်ဖြစ်...။" မျက်ရည်များပင်ကျလုဆဲဆဲဖြစ်နေပြီး မြွေတစ်သောင်းတောင်ကြားမှ ကမျောသောပါးပြေးထွက်လာခဲ့လေရာ ရုတ်တရက် တောင်သုံးလုံးဆီမှပျံ့လွင့်လာသော ဒေါသတကြီးအော်ဟစ်နေသံများကို ကြားလိုက်ရလေ၏။ ထို့အပြင် သူ၏နာမည်ကို အော်ဟစ်နေသံများကိုပါ တစွန်းတစကြားနေရသည်။

သူသည် ယခုကိစ္စတရပ်လုံးတွင် ဘာအပြစ်မှမရှိဟု တွေးနေမိသည်။

" ငါ တမင်ရည်ရွယ်ပြီးလုပ်လိုက်တာမှမဟုတ်တာပဲ...။ ငါကဒီအတိုင်း... ဒီမြွေတွေကို နည်းနည်းပိုပြီး ချစ်စရာကောင်းလာအောင်လုပ်လိုက်တာပဲလေ...။" သူသည် ငိုမဲ့မဲ့ဖြစ်နေပြီး နှလုံးခုန်လည်းမြန်နေသည်။ သူ့တွင်ရုပ်ပြောင်းရုပ်လွဲလုပ်နိုင်စွမ်းသာရှိလျှင် ယခုချက်ခြင်းဘယ်သူမှမမှတ်မိအောင် ကိုယ့်ကိုကိုယ်ပြောင်းလဲပစ်လိုက်မည်ဖြစ်သည်။

"ငါဘာလုပ်ရမလဲ..." တစ်ယောက်တည်းရေရွတ်လိုက်သည်။ "ငါဘာလုပ်သင့်လဲ... ဘာမှလုပ်လို့လည်းမရတော့ဘူး...။ ဆရာ့ဂူထဲသွားပြီး ပုန်းနေရမလား... အဲ့ထဲမှာလာရှာဖို့တော့ ဘယ်သူမှစဥ်းစားမိမှာမဟုတ်ဘူး...။" ထိုသို့တွေးမိကာ သူ၏ထည့်စရာအိတ်ထဲမှ အဝတ်အစားတချို့ထုတ်ယူလိုက်၏။ အဝတ်အစားလဲပြီးနောက် သူ့ကျောမှအတောင်ပံတစုံထွက်လာပြီး တာအိုသစ်စေ့တောင်ဆီသို့ အလျင်အမြန်ပျံသန်းသွားလိုက်လေ၏။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Dove le storie prendono vita. Scoprilo ora