အခန်း(၄၁)

1.4K 219 0
                                    

Unicode

အခန်း ( ၄၁ )
စိတ်စွမ်းအင်အဆင့်မြှင်တင်ခြင်း၏ အကျိုးသက်ရောက်မှု

မွှေးရနံ့တိမ်တောင်တွင် မြေကြွက်များရော အိမ်ကြွက်များပါ မရှိပေ။ ကျင့်ကြံသည့် နေရာများတွင်လည်း ထိုကဲ့သို့သော အကောင်များမရှိပေ။ ရှ်ိခဲ့လျှင်လည်း ဖန်တီးထားသော ၀ိညာဉ်ကြွက်များသာလျှင်ဖြစ်သည်။ သို့သော်  ပုရွက်ဆိတ်များကိုမူ တောင်ပေါ်တွင်
ဟိုဟိုသည်သည် တွေ့မြင်နေကြဖြစ်သည်။

ပုရွက်ဆိတ်များသည် သဘာ၀အလျောက်ရှိနေသော အကောင်များဖြစ်ကြပြီး များသောအားဖြင့် တောင်အနှံ့ရှိ မြေအက်ကြောင်းများ၊ ကျောက်​တောင်
အက်ကြောင်းများကြားတွင် နေကြလေသည်။ ထိုအကောင်များသည် ကျင့်ကြံသူများကို မည်သည့်အနှောက်အယှက်မှ မပေးသည့်အပြင် တောင်ပေါ်ဂေဟစနစ်အတွက်ပင် အထောက်အကူပြုသေးသည်။ ဤသို့ဖြင့် လူအချို့သည်ပုရွက်ဆိတ်များကို အကြီးအကျယ် အာရုံစိုက်ရမည့်နေ့သို့ ရောက်ရှိလာသည်။

ယနေ့ ဆေးဖော်စပ်ရာအဆောင်တွင် တာ၀န်ကျကြသော ဂိုဏ်းသားများသည် အဆောင်တစ်ခုလုံး၌ မရေမတွက်နိုင်အောင် များပြားသော ပုရွက်ဆိတ်များအုံခဲနေသည်ကို မြင်လိုက်ရရာ အံ့သြလွန်းသဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။
ပုရွက်ဆိတ်များမှာ ဘယ်နှစ်သန်း​လောက်ရှိနေပြီလဲဟုပင် မခန့်မှန်းနိုင်လောက်အောင် အဆမတန်များလွန်းနေသည်ဖြစ်ရာ အစောင့်များမှာ
ခေါင်းနားပန်းကြီးသွားကြသည်။

“ဘာလဲ…ဘာတွေဖြစ်ကုန်ကြတာလဲ”
တစ်ချိန်တည်းမှာပင် ဆေးဖော်စပ်ရာ အလုပ်ရုံ အသီးသီးက ဂိုဏ်းသားများသည် အသံနက်ကြီးများနှင့် အော်လိုက်ကြသည်။ အဘယ့််ကြောင့်ဆိုသော် သူတို့ ဖော်စပ်ထားသော ဆေးလုံး၊ ဆေး ဝါးများမှာ ပုရွက်ဆိတ်များကြောင့် ပျက်စီးကုန်၍ ဖြစ်သည်။ ဆေးဖော်စပ်ရာ အဆောင်ကို ဂါထာအစီအရင်များဖြင့် လုံခြုံအောင်စီစဉ်ထားသော်လည်း ပုရွက်ဆိတ််များသည် တောင်နံဘေးနံရံများတွင် ကပ်နေကြသည်ဖြစ်ရာ တောင်ပပ်ကြားအက်များမှ တံခါးမရှိ ဓားမရှိ၀င်ရောက်ခွင့်ရနေသော အထူးဧည့်သည်တော်များဖြစ်နေကြသဖြင့် တောင်တစ်ခုလုံးနှင့် သက်ဆိုင်နေသော ပဟေဠိတစ်ပုဒ်ဖြစ်နေသည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now