Unicode
အပင်နှင့်အသီးအရွက်တွဲကို ကျော်ဖြတ်ပြခြင်းပရိတ်သတ်အဖြစ်ရှိနေသော အပြင်စည်းဂိုဏ်းသားများအားလုံးက တုလင်ဖေး၏ တုံ့ပြန်မှုကို အူခွေ့သွားကြသည်။ ရှောင်ချန်း၏ အပင်တွေနှင့် အသီးအရွက်စွမ်းရည်က တုလင်ဖေးကို ယှဉ်နိုင်လိမ့်မည်ဟု ဘယ်သူကမှ မထင်ပေ။
မယုံကြည်နိုင်လောက်အောင် ပြီးပြည့်စုံနေသည့် သူ၏ အဖြေကို ကြားလိုက်ရပြီးနောက်တွင် အားလုံး၏ ထင်မြင်ချက်မှာ ပို၍သေချာသွားတော့သည်။ ကြည့်ရတာတော့ ရှောင်ချန်းသည် ကိုင်းဆက်ထားသည့် အပင်များကို နံကြားထောက်ပြီး ရွှီရှောင် ရမ်းဖြီး လုပ်တော့မည်မှာ သိသာနေသည်။
“တကယ်လို့များ ရှောင်ချန်းက အပင်တွေကို မှန်အောင်ဖြေနိုင်နေရင် သူ့ အပင်တွေနဲ့အသီးအရွက်စွမ်းရည် အမကျိုးရှင်းကျီနဲ့ လယ်ဗယ်တူလို့ ပြောလို့တောင် ရနေပြီ။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အား…ဒီကောင်က လူတွေကို စိတ်ရှုပ်စေပြီးတော့ ခန့်မှန်းရ တော်တော်ခက်တဲ့ကောင်ပဲ။ ဂါး…စိတ်တိုစရာကောင်းလိုက်တာ။ အနည်းဆုံးတော့ သူလိမ်နေတာတွေ နောက်ဆုံးမှာ ပေါ်လာတော့မှာပါ”
မျက်မှောင်ကြီးကြုတ်ပြီး ရပ်နေသော ရှောင်ချန်းကို လူတိုင်းက ရယ်သွမ်းသွေးပြက်ရယ်ပြုကြသည်။“မင်းတို့တွေ ခုထိ ပြောလို့ မပြီးနိုင်ကြသေးဘူးလား” အလွန်အေးစက်သော အသွင်အပြင်နှင့် ရှောင်ချန်းက မေးလိုက်သည်။ နောက်ဆုံးတော့ ဒေါသများက ရင်ထဲကနေ လှိုက်ခနဲ လှိုက်ခနဲ တက်လာနေပြီ ဖြစ်သည်။ တိုက်ပွဲတစ်ပွဲဖြစ်နေလျှင်ပင် ယခုကဲ့သို့ သူဒေါသထွက်လာလိမ့်မည် မဟုတ်ပေ။ သို့သော် သူ၏အဆင့်လွန်သမားတော်တစ်ယောက်ဖြစ်လာရန် ပြင်းပြသောဆန္ဒကို စဉ်းစားကြည့်လျှင် သူ၏အရည်အချင်းနှင့်ပတ်သက်ပြီး လူတွေသံသယဖြစ်နေခြင်းက ကြီးမားသောစော်ကားခံရမှုပင်။
“ပထမ တပွဲ ငါနိုင်သွားတယ်။ ကံကောင်းလို့ နိုင်တာလို့ မင်းတို့ ပြောနိုင်တယ်။ နောက်တစ်ပွဲနိုင်တယ်။ မှော် ပစ္စည်းတွေသုံးလို့လို့ မင်းတို့ပြောနိုင်တယ်။ အေး….ဒါပေမယ့် အပင်တွေ၊ အသီးအရွက်တွေနဲ့ ပတ်သက်လို့ကတော့ မင်းတို့ရဲ့ ဖြုတ်မျက်လုံးလောက် ဦးနှောက်လေးတွေက ကောင်းကင်နဲ့မြေကြီးရဲ့ အလျားနဲ့ အနံကို မြင်နိုင်မယ်မထင်နဲ့ကွ။”
YOU ARE READING
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
RandomUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...